Sports

ခြေစွမ်းပြနေတဲ့ ဒါလော့ကို ဆုံးရှုံးရတော့မယ့် ယူနိုက်တက်

ယူနိုက်တက်ကနေ အေစီမီလန်အသင်းကို ပြီးခဲ့တဲ့ရာသီမှာ ပေါ်တူဂီသားတစ်ဦးဖြစ်တဲ့ ဒီယေဂို ‌ဒါလော့က်ုအငှားချထားခဲ့ပါတယ်။ အငှားကာလ ပြီးဆုံးသွားတဲ့အတွက် ညာနောက်ခံလူတစ်ဦးဖြစ်တဲ့ ဒါလော့ကို အပြီးသတ်ခေါ်ယူဖို့ အေစီမီလန်အသင်းက ကြိုးစားလာခဲ့ပါတယ်။ ဒါလော့ဟာ ပေါ်တူဂီအသက် 21နှစ်အောက် အသင်းမှာ ခြေစွမ်းပြခဲ့ပြီး ဗိုလ်လုပွဲအထိ ‌တက်ရောကိခဲ့ပါတယ်။ အေစီမှာလည်း ခြေစွမ်းပြနေသူတစ်ဦးပါ။

ယူနိုက်တက်အနေနဲ့ ညာနောက်ခံလူနေရာမှာ ဘစ်ဆာကာရှိနေပါတယ်။ ဒါပေမယ့် ဒါလော့ဟာ ကွင်းလယ်မှာလည်း ကစားနိုင်သူဖြစ်ပြီး အသက်အရွယ်ကလည်း ငယ်သေးတဲ့အတွက် တိုးတက်ဖို့ လမ်းကြောင်းအများကြီးရှိနေပါတယ်။ သူ့ရယ် နိုင်ငံအသင်း နဲ့ အေစီတို့မှာ အတွေ့အကြုံကောင်းတွေရရှိပြီး ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ အဆင်သင့်ရှိပြီလို့တောင် ယူဆလို့ရပါတယ်။


ဒါလော့ဟာ နည်းပြဆိုးရှားအတွက် တစ်ချိန်မှာ အသုံး၀င်လာမည့်သူဖြစ်ပေမယ့် သူပြောင်းရွေ့မယ့်သတင်းတွေကလည်း ကြီးနေပါတယ်။ နောက်ရာသီမှာ ယူနိုက်တက်အတွက်ဘဲ ခြေစွမ်းပြနိုင်မလား ပြောင်းရွေ့သွားမလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source