ကစားသမားအသစ်ခေါ်ယူမှုထက် အရင်လုပ်သင့်တဲ့ အရာတစ်ခုကို ပြောပြခဲ့တဲ့ ဂယ်ရီနဗီးလ်

ယူနိုက်တက်ရယ့် ကစားသမားဟောင်းကြီး ဂယ်ရီးနဗီးလ် ကတော့ ယူနိုက်တက်အသင်းအနေနဲ့ ကစားသမား အသစ်ခေါ်ယူမှု မပြုခင် ကိုယ့်ကစားသမားနဲ့ကို နားလည်အောင်အရင်လုပ်သင့်တယ်လို့ ပြောပြထားပါတယ်။ ကိုယ်မှာရှိတဲ့ ကစားသမားနဲ့ အသစ်ခေါ်ယူမယ့် ကစားသမား နေရာချဖို့ အဆင်ပြေမပြေ အရင်လုပ်ဖို့လည်း လိုပါတယ်။ ဗန်ဒီဘစ်လို ခေါ်ယူပြီးမှ အရန်ခုံထိုင်နေရရင် ကောင်းတဲ့ အလားအလာမရှ်ိပါဘူး။ ဒါကို ဂယ်ရီ နဗီးလ်က

” ဂရင်းဝုဒ် ဘယ်နေရာမှာကစားမလဲဆိုတာကို ယူနိုက်တက် အသင်းဘက်က မေးမြန်းသင့်ပါတယ် အဲ့မေးခွန်းရဲ့အဖြေပေါ်မူတည်ပြီး ဘယ်နေရာမှာ လူစာရင်းထပ်မံဖြည့်ဖို့လိုလဲဆိုတာ ဆုံးဖြတ်သွားရပါလိမ့်မယ်။ တကယ်လို့သာ သူက ညာတောင်ပံကစားသမားတစ်ယောက်လို့ထင်မြင်မိမယ်ဆိုရင် ယူနိုက်တက် ဘက်က ဟာလန်း ဒါမှမဟုတ် ဟယ်ရီကိန်း ကိုခေါ်ယူရပါမယ်။တကယ်လို့သာ ယူနိုက်တက် ဘက်က သူ့ကို ရှေ့တန်းတိုက်စစ်မှူးတစ်ယောက်လို့ထင်နေမယ်ဆိုရင် သူတို့တွေအနေနဲ့ ဆန်ချို ဒါမှမဟုတ် ညာတောင်ပံကစားသမားတစ်ယောက်ကိုခေါ်ယူရပါလိမ့်မယ်။ဒီလိုမျိုးမဟုတ်ပဲ သူတို့ဘက်က (၂)နေရာလုံးကို ခေါ်ယူလိုက်မယ်ဆိုရင် ဂရင်းဝုဒ် ရဲ့ တိုးတက်မှုကို အထစ်ထစ်အငေါ့ငေါ့နဲ့နှောင့်နှေးသွားစေပါလိမ့်မယ်။ ” ဆိုပြီးပြောခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source