Sports

လူကာကူဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူး တစ်ဦးဖြစ်နေပြီဆိုတဲ့ နည်းပြကြီးမော်ရင်ညို

ယူနိုက်တက်နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ လက်ရှိ ရိုးမားနည်းပြ မော်ရင်ညိုကတော့ တပည့်ဟောင်း လူကာကူ အနေနဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီးမှာ ခြေစွမ်းမပြခဲ့တဲ့ အကြောင်းကိုယခုလိုဘဲရှင်းပြခဲ့ပါတယ်။

မော်ရင်ညိုက ” လူကာကူ ကို အန်ဒါလတ်စ်မှာ ရှိကတည်းက ချဲလ်ဆီးကို ကျွန်တော်ကိုယ်တိုင် သဘောကျ လို့ခေါ်ယူခဲ့တာပါ။ ချဲလ်ဆီးမှာတုံးက လူကာကူဟာ ချာတိတ်သာသာရှိသေးပြီး နောက်ထပ် ကျွန်တော်ရယ့် ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာလည်း တိုးတက်ဆဲ အဆင့်လို့ပြောရမှာပါ။ အခု အင်တာမီလန်ကိုရောက်ရှိဝောာ့ ထိပ်တန်းအဆင့် တိုက်စစ်မှူး တစ်ဦးဖြစ်လာခဲ့ပါပြီ။ လူကာကူဟာ ကမ္ဘာအကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်လာတဲ့အတွက် သူ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လူကာကူဟာ အသက်နှစ်ဆယ့်ရှစ်နှစ်သာ ရှိသေးပြီး အင်တာမီလန်ရယ့် အောင်မြင်မှုရယ့် အဓိက လူလို့ ပြောနိုင်ပါတယ်။ အင်တာမီလန်အတွက် 72ပွဲ ကစားထားကာ 42ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source