Sports

ဆောက်သမ်တန် နဲ့ နောဝှစ်ခ်ျတို့မှ အငှားခေါ်ယူဖို့ကြိုးစားလာတဲ့ ယူနိုက်တက်ကြယ်ပွင့်ဝီလီယံ

ယူနိုက်တက်အသင်းရယ့် လူငယ်ကြယ်ပွင့် ငယ်မွေးခြံပေါက် နောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ဝီလီယမ်ကို ဆောက်သမ်တန် နှင့် နောဝှစ်ခ်ျအသင်း တို့က အငှါးဖြင့် ခေါ်ယူနိုင်ရန် ပြိုင်ဆိုင်ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းကြီးနဲ့အတူ ကစားခွင့်ရတိုင်း ခြေစွမ်းပြီး နောက်တန်းတွင်သာမက ရှေ့တန်းထိ လိုက်ပါနိုင်သူ တစ်ဦးဖြစ်ပါတယ်။

အသက်အရွယ် ငယ်သေးပြီး တိုးတက်ဖို့ အလားအလာရှိတဲ့ ဝီလီယမ်ကို အငှားချထားပြီး အတွေ့အကြုံ တွေ ရဖို့ ယူနိုက်တက်တို့ ကြိုးစားသင့်ပါတယ်။ ၀ီလီယမ်တစ်ယောက် ခြေစွမ်းကောင်းတွေ ရင့်ကျက်မှုတွေနဲ့ ယူနိုက်တက်ကို ပြန်လာခဲ့ရင် အကျိုးရှိပါတယ်။ ထရစ်ပီယာကို ခေါ်ယူဖို့ကြိုးစားတာက ဝီလီယမ်ပါ၀င်နိုင်ဖို့ အခွင့်အလမ်းက နည်းပါးသွားမှာပါ။ ဝီလီယမ်တစ်ယောက် ဘယ်အသင်းကို ရောက်ပြီး ဘယ်လို ခြေစွမ်းပြပြီး အသင်းကို ဘယ်လိုပြန်လာခဲ့မလဲ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source