အဓိကတိုက်စစ်မှူး လူကာကူရဲ့သွင်းဂိုးတွေနဲ့ ရုရှားကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဘယ်ဂျီယံအသင်း

အဓိကတိုက်စစ်မှူး လူကာကူရဲ့သွင်းဂိုးတွေနဲ့ ရုရှားကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဘယ်ဂျီယံအသင်း

ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ ပြိုင်ဘက်အသင်းကို လူကာကူ မြူနီယာတို့ သွင်းဂိုးတွေနဲ့ ပြတ်ပြတ်သားသား ဘယ်ဂျီယံအသင်းဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေတဲ့ ဘယ်ဂျီယံကတော့ ပထမပိုင်းအပြီးမှာတင် နှစ်ဂိုးပြတ် ဦးဆောင် နေပါတယ် ။ လူကာကူ ကတော့ ဂိုးသွင်းအပြီးမှာ ကင်မရာရှေ့သွားပြီး ‘Chris , Chris ! I love you ‘ လို့ အော်ဟစ်ကာ အင်တာမီလန် အသင်းဖော် အဲရစ်ဆင်ကို ရည်ညွှန်း အောင်ပွဲခံသွားခဲ့ပါတယ် ။

လူကာကူ ဟာ ဘယ်ဂျီယံ အတွက် နောက်ဆုံး ၁၅ ပွဲမှာ သွင်းဂိုး ၂၀ ဂိုးအထိ သွင်းယူ ထားနိုင်ပါတယ် ။ယူရိုတာထွက်မှာပဲ သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် သွင်းဂိုးအများဆုံးဆုအတွက် အလားအလာကောင်းနေပါတယ်။

ယူရို-၂၀၂၀ အုပ်စု(b) (ပွဲပြီးရလဒ်)

ဘယ်ဂျီယံ 3-0 ရုရှား

(လူကာကူ ၁ဝမိနစ် ၈၈မိနစ် မြူနီယာ ၃၄မိနစ်)

Credit

Unicode








Credit