Sports

ပြိုင်ဘက် လီဗာပူးလ်နဲ့ အာဆင်နယ်တို့ရယ့် အထူစိတ်၀င်စားမှုကို ခံနေရတဲ့ ဗန်ဒီဘစ်ခ်

အာဆင်နယ်အသင်းဟာ ဒီနှစ်နွေအပြောင်းအရွေ့ဈေးကွက်မှာသူတို့အသင်းရဲ့ ကွင်းလယ်အင်အားကို ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။

အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ Dani Ceballos, Matteo Guendouzi နဲ့ Granit Xhakaတို့ဟာ မကြာခင် အသင်းကနေထွက်ခွာတော့မှာဖြစ်တဲ့အတွက် ဂန်းနားတို့အတွက်ဒီ ၃နေရာဟာ ပြဿနာတစ်ခုဖြစ်နေပါတယ်။လက်ရှိမှာ အာဆင်နယ်ဘက်က တခြားကွင်းလယ်ကစားသမားတွေကို ချိတ်ဆက်မှုတွေရှိနေသလို မန်ချက်စတာယူနိက်တက်အသင်းမှာ ရုန်းကန်နေရတဲ့ ပေါင်သန်း ၄၀တန်ကစားသမားနဲ့ပက်သက်ပြီး စုံစမ်းမေးမြန်းမှုတွေလုပ်လာတယ်လို့ Expressသတင်းဌာနကဖော်ပြပါတယ်။

မန်ချက်စတာယူနိက်တက်ရဲ့ကွင်းလယ်ကြယ်ပွင့်ကတော့ တခြားသူမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရာသီမှာ တစ်ရာသီလုံးအရံခုံမှာထိုင်ရင်းအချိန်ကုန်ခဲ့ရတဲ့ ဒွန်နီဗန်ဒီဗိပဲဖြစ်ပါတယ် 90minရဲ့အဆိုအရ အေဂျက်ကစားသမား ဗန်ဒီဗိနဲ့ပက်သက်ပြီး မန်ချက်စတာယူနိက်တက်အသင်းကို အာဆင်နယ်ဘက်က ဆက်သွယ်မေးမြန်းမှုတွေလုပ်နေတယ်လို့ဆိုပါတယ်။

ဒီဟာက တစ်ကယ်ရောဖြစ်နိုင်ပါ့မလားလို့မေးခွန်းထုတ်စရာရှိပေမယ့် ဘာမဆိုဖြစ်နိုင်ပါတယ်လို့ပဲဆိုရမှာပါပဲ။ အာဆင်နယ်အသင်းဟာ ဒီနှစ်မှာ အသင်းရဲ့ လူအပြောင်းအလဲတွေတော်တော်များများလုပ်မယ်လို့ပြောကြားထားပြီး လက်ရှိမှာ ယူနိက်တက်မှာလည်း ဗန်ဒီဗိကနေရာပျောက်နေတဲ့အတွက် အသင်းကထွက်ခွာဖို့စဉ်းစားနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဗန်ဒိဗီဟာ အေဂျက်အသင်းမှာ ခြေစွမ်းပြပြီး အလွန်ကောင်းခဲ့ပေမယ့် မန်ချက်စတာယူနိက်တက်မှာတော့ အဆိုးဝါးဆုံးလူခေါ်မှု နံပါတ် ၂စာရင်းတောင်ချိတ်ခဲ့ရပါတယ်။

ယူနိက်တက်တို့အနေနဲ့လည်းလက်ရှိမှာ ဒေါ့မွန်က ဈေးမြင့်မားတဲ့ ဆန်ချိုကို အရခေါ်ဖို့ကြံနေတာဖြစ်လို့ တကယ်လို့သာ ဆန်ချိုကို ယူနိက်တက်တို့ ဝယ်ခဲ့မယ်ဆိုရင် အဲ့ဒီကုန်ကျစရိတ်သက်သာအောင် ကွင်းလယ်ကြယ်ပွင်တစ်ယောက်ကို ထုတ်ရောင်းလိမ့်မယ်လို့ ဝါရင့်အေးဂျင့်တစ်ဦးဖြစ်တဲ့ ဝါရင့်အေးဂျင့်ဖာဗီယိုကလည်း သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။

သူရေးထားတာကတော့ ရောင်းချခံရမယ့် ကစားသမားဟာ ကွင်းလယ်ကနာမည်ကြီးတွေဖြစ်တဲ့ ပေါ့ဘာ ဒါမှမဟုတ် နေရာပျောက်နေတဲ့ မန်ယူကြယ်ပွင့်လေး ဗန်ဒီဗီဖြစ်တယ်လို့ဆိုပါတယ်။

ဒါဟာဆန်ချိုကိုဝယ်ယူရင်ကုန်မယ့်ပိုက်ဆံကိုပြန်ကာတာမျိုးဖြစ်ပြီး ဗန်ဒိဗီရဲ့အနေအထားကလည်း ပေါ့ဘာရဲ့စာချုပ်သစ်ချုပ်ဆိုမှုပေါသွားမူတည်နေပြီး ပေါ့ဘာကိုသာချုပ်ရင် ဗန်ဒီဗီက အသင်းကထွက်ခွာရနိုင်တယ်လို့ ဖာဇီယိုကသုံးသပ်ထားပါတယ်။ဆိုလ်းရှားဟာကွင်းလယ်မှာ ဖရက်နဲ့တော်မီနေးတို့ကို အထိုင်ချထားပြီး ပေါ့ဘာဗန်ဒီဗိတို့ ၂ဦးအနက် တစ်ဦးပဲအသင်းမှာဆက်ရှိဖို့ဆုံးဖြတ်ထားနိင်ဖွယ်ရှိပါတယ်။

ဒီတော့ အာဆင်နယ်ဘက်ကချိတ်ဆက်နေတယ်ဆိုတာဖြစ်နိုင်သလို ဗန်ဒီဘိကိုလိုချင်နေတဲ့ အသင်းတွေရှိတဲ့အတွက် ဗန်ဒီဗိကတော မကြာခင်ရွေးချယ်မှုတွေလုပ်ရတော့မှာပဲဖြစ်ပါတယ်။ယူနိက်တက်ဂန္တဝင်ဟောင်းတွေကတော့ ကွင်းလယ်ကြယ်ပွင့် ဗန်ဒိဗိကို တန်ဖိုးရှိတဲ့အချိန်တွေကိုအရံခုံမှာကုန်ဆုံးစေပြီး မန်ယူမှာဆက်မနေသင့်ပဲ ထွက်ခွာသင့်ကြောင်းတိုက်တွန်းထားကြပါတယ်။ မန်ဖန်တွေရောဘယ်လိုမြင်လဲ?

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက သတင်းတွေ တောက်လျှောက်ထွက်ခဲ့တဲ့ လိဒ်စ်တောင်ပံတိုက်စစ်မှူး ရာဖင်ညာကို ခေါ်ယူဖို့ ဘာကမ်းလှမ်းမှုတခုမှ ပြုလုပ်ထားခြင်းမရှိဘူးလို့ သိရပြီး သူ့ကို ယူနိုက်တက်အသင်းနဲ့အပြိုင် ပေါင် ၃၂ သန်းနဲ့ ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေဟာလည်း မှားယွင်းခဲ့ကြောင်း ဖော်ပြခံထားရပါတယ်။

နောက်ဆုံးရသတင်းတွေအရ လီဗာပူးလ်အသင်း တကယ်လိုက်နေတာက ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒဘိခ်ဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ထွက်ပေါ်လာခဲ့ပြီး ကလော့ပ်ရဲ့လူစာရင်းနဲ့ ကစားကွက်မှာ သူ့ကို ဗိုင်နယ်လ်ဒမ်နေရာအတွက် အစားထိုးဖို့ ဦးတည်ထားနေတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ရဲ့ ပြည့်ကျပ်နေတဲ့ ကွင်းလယ်လူအင်အားမှာ ဝင်တိုးဖို့ မဖြစ်နိုင်သလောက် အခွင့်အရေးနည်းပါးနေတဲ့ နယ်သာလန်သားဟာ အသင်းရွေးချယ်မှု မှားယွင်းခဲ့လို့ ဆိုးလ်ရှားရဲ့ စီမံခန့်ခွဲမှုနဲ့ အသင်းမှာ သူနဲ့ အဟပ်မမိတဲ့ ကစားကွက်တည်ဆောက်ပုံကို စိတ်ကုန်နေတယ်လို့ သိရပါတယ်။

ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြခွင့်ရမယ့် နေရာတနေရာကို လိုချင်နေပြီး အိုင်းယတ်စ်မှာ တောက်ပခဲ့တဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည်ပြသချင်နေတဲ့ ဗန်ဒဘိခ်ဟာ သူ့ရဲ့အနာဂတ်ကို အန်ဖီးလ်မြေသို့ ဘိုင်ယန်မြူးနစ်အသင်းလို့ ရည်မှန်းထားတာကြောင့် ကလော့ပ်အနေနဲ့ အမြန်ဆုံးလက်ဦးမှုရယူရတော့မှာပါ။

Credit – SportsA2z