Local News

ရခိုင်လွတ်မြောက်ရေးတပ်မတော် မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်(၅) ဦး အိန္ဒိယနိုင်ငံနယ်စပ်တွင် ဖမ်းဆီးခံရ

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP)မှအရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် (ဦးတို့သည်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

၄င်းတို့ ()ဦးသည် ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းတွင်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ALP မှ ပြောခွင့်ရသူဗိုလ်မှူးကြီးစောမြက အတည်ပြုသည်။

သူတို့ခရီးတစ်ခုထွက်တဲ့လမ်းမှာ ဖမ်းဆီးခံရတာပါ။ဖြစ်တယ်ဆိုတာကိုသိတယ်။ အာသံရိုင်ဖယ်ဆိုတဲ့အိန္ဒိယစစ်တပ်တစ်ခုဆီမှာ ဖမ်းဆီးခံရတာပါ။ဘယ်လိုဖြစ်သွားခဲ့ကြလဲ၊ ဘာကြောင့် ဖမ်းဆီးခံရတာလဲဆိုတာကို အထက်ကို ကျွန်တော်တို့စုံစမ်းနေပါတယ်။ သူတို့နဲ့ အဆက်သွယ်မရသေးဘူး” ဟုပြောသည်။

သူ့အနေဖြင့် ဖမ်းဆီးခံထားရသူများ၏ အမည်ကိုအတည်ပြုရန် မေးမြန်းနေပြီး ဖမ်းဆီးခံရသည့်အထဲတွင် အရာတစ်ဦးပါဝင်နေသည်ကို သိရှိထားကြောင်းဆက်ပြောသည်။

Credit

Unicode





Credit