Sports

အဲရစ်ဆင်ရယ့် အဖြစ်အပျက်ကနေ မြင်တွေခဲ့ရတဲ့ လူသားဆန်တဲ့ အပြုအမှုများ

မနေ့ညက အဖြစ်အပျက်ကို လူတိုင်းသိကြမှာပါ။ယူနိုက်တက်ကစားသမားတွေ တစ်ဦး မပါဝင်လို့မကြည့်ဖြစ်လိုက်တဲ့ ဒိန်းမက် 0-1 ဖင်လန် ပွဲစဥ်မှာ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုဖြစ်သွားပါတယ်။ အင်တာမီလန် ရဲ့ ဒိန်းမက်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ရုတ်တရက် လဲကျသွားပါတယ်။

အသက်သေစေနိုင်တဲ့အခြေအနေဖြစ်သွားတာ ကြောင့် အားလုံးအတွက်စိတ်မကောင်းစရာအခိုက် အတန့်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အေစီမီလန်အသင်းမှာကစားနေတဲ့ ဒိန်းမက်အသင်းခေါင်းဆောင် ဆီမွန်ကယ်ရောရဲ့ လျင်မြန်တဲ့ဖေးမကူညီမှုတွေကြောင့် အဲရစ်ဆင်ကို ဆေးအဖွဲ့မလာမီ အသက်ကယ်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ အထူး သဖြင့် အဲရစ်ဆင်လျှာမကိုက်မိအောင် ရယ်၊ ပုံမှန် အသက်ရှူနိုင်အောင်လို့ အစရှိတာတွေကိုလုပ်ပေးခဲ့လို့ပါ။ တကယ့်အသင်းခေါင်းဆောင် ပီသခဲ့တဲ့သူပါ။

ထို့အပြင် ငိုးကြွေးပြီး ဆောက်တည်ရာမရဖြစ်ခဲ့တဲ့ အဲရစ်ဆန်ရယ့် မိန်းမကိုလည်း ဝိုင်း၀န်းပြီးဖြေသိမ့်ပေးကြပါတယ်။ အဲရစ်ဆင်ကို ဆေးကုသပေးချိန်မှာလည်း ဝိုင်း၀န်းပြီးတော့ ဓာတ်ပုံရိုက်လို့မရအောင် ကာထားပြီး အမြန်ဆုံးသက်သာအောင်ဆုတောင်းပေး ခဲ့ကြပါတယ်။ ထို့အပြင် အဲရစ်ဆင်ကို သယ်သွားချိန် ပိတ်စကြီးနဲ့ကားထား ပြီး အဲ့ပိတ်စကြီး‌ကတော့ ပြိုင်ဘက် ဖင်လန်ပရိတ်သတ်တွေ ပစ်ပေးလိုက်တဲ့ ဖင်လန် နိုင်ငံတော် အလံဖြစ်ပါတယ်။ နောက်ထက်လူသားဆန်မှုတစ်ခုကလည်း လေးစားခဲ့ရပါသေးတယ်။ ဖင်လန်ကစားသမားတွေအနေနဲ့ ဂိုးသွင်းပေမယ့် အောင်ပွဲလုံး၀မခံခဲ့ပြန်ပါဘူး။

လက်ရှိမှာတော့ အဲရစ်ဆင်ဟာ ဆေးရုံမှာပုံမှန် အနေအထားနဲ့ သတိပြန်ဝင်လာတယ်လို့ သိရပါတယ်။ အဲ့အဖြစ်အပျက်မှာ ဘောလုံးအသိုင်းအဝိုင်းအားလုံးဟာ အဲရစ်ဆင်အတွက် လူသားစာနာမှုပုံစံ နဲ့ အားလုံးနီးပါး စိတ်မကောင်းကြောင်း နဲ့ အလျင်အမြန်ပြန်ကောင်းလာပါစေလို့ ဆုတောင်းစကားတွေဆိုခဲ့ကြပါတယ်။ အခုလို စာနာထောက်ထားမှုတွေက ကျွန်တော်တို့ ကမ္ဘာမှာရှိသင့်ရှိထိုက်တဲ့ အရာတွေပါ။

TTSoe
Sports Gaber
internet Source

Unicode





TTSoe
Sports Gaber
internet Source