Sports

ခရိုအေးရှားကို စတာလင်းရယ့် တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်

ယနေ့ည 7နာရီခွဲမှာတော့ Group Dရယ့် ပွဲကောင်းတစ်ပွဲဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ပွဲမှာ အင်္ဂလန်အသင်းက တစ်ဂိုး သုညဆိုတဲ့ ရလဒ်ဖြင့် ၀င်ဘာလေကွင်းကြီးမှာ အနိုင်ရရှိခဲ့ပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်တဲ့အပြင် ပရီးမီးယားလိဒ်ဖန်တွေ အင်္ဂလန်ဖန်တွေအတွက် ကြည့်ချင်နေကြတဲ့ အင်္ဂလန်အသင်းရယ့် ခြေစွမ်းကိုမြင်တွေ့ခဲ့ရဝာာဘဲဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ဆောက်ဂိတ်ရယ့် ပွဲထွက် လူစာရင်းကတော့ ပရိတ်သတ်တွေကို အံ့ဩစေခဲ့ရပါတယ်။

နည်းပြဆောက်ဂိတ်ကတော့ ဟယ်ရီကိန်းကို အထောင်ထားကာ မောင့်၊ စတားလင်း၊ ဖိုဒန် တို့ရှိနေပြီး ဒီကလန်ရိုက်စ် ၊ ကီရန်ဖီးလစ်တို့ ပါ၀င်ခဲ့ပါတယ်။ မက်ဂွိုင်းယားကတော့ သိထားတဲ့အတိုင်း ‌ဒဏ်ရာကြောင့် မပါ၀င်နိုင်ခဲ့ပါဘူး။ နောက်တန်းမှာ စတုံး၊ ဝေါ်ကာ၊ မင်းမ်၊ ထရစ်ပီရာ တို့ပါ၀င်လာခဲ့ပါတယ်။ ယူနိုက်တက်ပရိတ်သတ်တွေရယ့် အချစ်တော် ရက်ဖို့ဒ်ကတော့ ဒုတိယပိုင်းကျ မှ လူစားလဲ၀င်ပြီး ကစားခဲ့ရတာပါ။ ဂရင်းလစ်ရှ်၊ ဆန်ချိုတို့ မပါ၀က်ခဲ့ရပါဘူး။ တစ်လုံးတည်းသော အနိုင်ဂိုးကို စတားလင်းက သွင်းယူပေးခဲ့တာပါ။ နည်းပြ ဆောက်ဂိတ် တစ်ယောက် အနိုင်ရလဒ် ဖော်ဆောင်ပေးခဲ့ပေမယ့် လူထုတ်ပုံမှာ ဝေဖန်မှုတွေခံနေရပါတယ်။ ဘာဘဲဖြစ်ဖြစ် 2018က ကမ္ဘာဖလား ဆီမီးဖိုင်နယ်က မကြေပွဲကို အင်္ဂလန်တို့ ချေနိုင်ခဲ့ပြီဘဲ မှတ်ယူရမှာပါ။

TTSoe
Sports Gaber
internet Source