Sports

ပင်နီဇွဲလားကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီးလ်နဲ့အတူ ပွဲထွက်ခွင့်ရရှိခဲ့တဲ့ ဖရတ်

ကိုပါအမေရိက ဖလားပြိုင်ပွဲရယ့် Group A ပွဲစဉ်တစ် ဖြစ်တဲ့ ဘရာဇီးလ်အသင်းနဲ့ ဗင်နီဇွဲလား အသင်းတို့ပွဲစဉ်မှာ ယူနိုက်တက် ကွင်းလယ်လူ ဖရတ် ပါ၀င်ခွင့်ရရှိခဲ့ပါတယ်။ ဘရာဇီးလ်အသင်းကတော့ သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ 23မိနစ်မှာ မာကွီဟို၊ 64မိနစ်မှာ ပင်နယ်တီကနေ တိုက်စစ်မှူးနေမာ နဲ့ 89မိနစ်မှာ ဂါဘရီရယ်တို့က အသီးသီး သွင်းယူခဲ့ကြပါတယ်။ ဘရာဇီးလ်အသင်းအနေနဲ့ တောက်လျောက်ဖိ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေသာ အသုံးချနိုင်ရင် ဒီထက် ဂိုးပြတ်မယ့်ပွဲစဉ်ပါ။ ထို့အပြင် ဘရာဇီးလ်ဟာ 2019 နို၀င်ဘာလ နောက်ပိုင်းကာလအတွင်း ပြိုင်ပွဲစုံမှာ တောက်လျောက်အနိုင်ရရှိခဲ့ပါတယ်။

ဖရတ်ကတော့ ပွဲချိန်85မိနစ်အထိ ဘရာဇိီးလ်အသင်းနဲ့ အတူ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ကစားသမားကောင်း တော်တော်များများပိုင်ဆိုင်ထားတဲ့ ဘရာဇီးလ် အသင်းမှာ ဖရတ်အနေနဲ့ ပါ၀င်ခွင့်ရတာ ယူနိူက်တက်ပရိတ်သတ်တွေအတွက် ဂုဏ်ယူစရာပါ။ ဖရတ် တစ်ယောက် ဘရာဇီးလ်အသင်းနဲ့အတူ ဘယ်လို ခြေစွမ်းပြ သွားမလဲ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source