Sports

ခရိုအေးရှားကို အနိုင်ကစားပြီးတဲ့နောက် သူ့ရဲ့ အနာဂတ် အကြောင်း ဖွင့်ပြောလိုက်တဲ့ ဟယ်ရီကိန်း

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းက အင်္ဂလန် လက်ရွေးစင် အသင်းနဲ့အတူ ယူရို ပြိုင်ပွဲ ကစားပြီးတဲ့နောက် သူ့ရဲ့ အနာဂတ် ပြောင်းလဲ သွားနိုင်ခြေရှိကြောင်း အရိပ်အမြွတ် ထုတ်ဖော်ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဟယ်ရီကိန်းဟာ မကြာသေးခင်ကပဲ အသင်းရဲ့ တာဝန် ရှိသူတွေကို အသင်းမှ ထွက်ခွာမယ်လို့ ပြောခဲ့သေးတယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။ သူ့ကို ခေါ်ယူရေး အတွက် မန်ချက်စတာ ထိပ်သီး နှစ်သင်း အပါအဝင် ဥရောပ ထိပ်သီးကလပ်တွေလည်း စိတ်ဝင်စား နေခဲ့ကြ ပါတယ် ။

အထူးသဖြင့် ဆာဂျီယို အဂူရိုကို လက်လွှတ်လိုက်တဲ့ မန်စီးတီး အသင်းဟာ ကာဗာနီကို စာချုပ် သက်တမ်း တိုးခဲ့တဲ့ မန်ယူနိုက်တက် အသင်းထက် တိုက်စစ်မှူး တစ်ဦးကို အရ ခေါ်ယူ နိုင်ဖို့ နွေဈေးကွက်ထဲမှာ ဦးစားပေး အဖြစ် လှူပ်ရှား နေခဲ့တာပဲ ဖြစ်ပါတယ် ။

အခြား တစ်ဖက်မှာတော့ ဟယ်ရီကိန်းဟာ ပြီးဆုံးခဲ့တဲ့ ဘောလုံး ရာသီက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး အပြင် ဂိုးဖန်တီးမှု အများဆုံး ကစားသမားပါ ဖြစ်နိုင်ခဲ့ပါသေးတယ် ။ ဒါ့ကြောင့် ဥရောပ ထိပ်သီး ကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေကြတာပဲ ဖြစ်ပါတယ် ။

အခုတော့ ခရိုအေးရှား အသင်းကို အနိုင် ကစားပြီးတဲ့နောက် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးက အနာဂတ် အကြောင်း အမေးခံလိုက်ရတဲ့ အချိန်မှာတော့ ဒီမေးခွန်း မေးခံရလိမ့်မယ်ဆိုတာ သိနေခဲ့ကြောင်း ပြန်လည် ဖြေသွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်ကတော့ ok ပါတယ် ။ ကျွန်တော် ဒီမေးခွန်း အမေးခံရလိမ့်မယ်ဆိုတာကို ကြိုတင် သိရှိနေခဲ့ပါတယ် ။ ကျွန်တော့်အတွက်တော့ လက်ရှိ အရေး အကြီးဆုံး အရာက အင်္ဂလန် လက်ရွေးစင် အသင်းကြီးနဲ့ အတူ ဆုဖလား အောင်မြင်မှု ရယူနိုင်ရေးပဲ ဖြစ်ပါတယ် “

” ကျွန်တော် ဒီပြိုင်ပွဲက ပြန်လာရင်တော့ အဲ့ဒီ ကိစ္စတွေကို သေချာပေါက် လုပ်ဆောင်သွားမှာပါ ။ အခုအတွက်တော့ အင်္ဂလန် အတွက် ကစားပေးရေး ဆိုတာကို ကျွန်တော့်ရဲ့ အဓိက ပစ်မှတ် အဖြစ် အာရုံစိုက်ထား ပါတယ် “

” ရိုးရိုးသားသား ပြောရရင် ကျွန်တော် သတင်းကောင်း ဖြစ်ဖြစ် ၊ သတင်းဆိုး ဖြစ်ဖြစ် အမြဲလို ကြားရလေ့ ရှိတဲ့သူ တစ်ဦးပါပဲ ။ အဲ့တာနဲ့ ပတ်သက်လို့ ခံစားချက် အနိမ့် အမြင့် ဖြစ်မသွားဖို့ ကျွန်တော် အမြဲတမ်း ကြိုးစားရ ပါတယ် “

” လက်ရှိအချိန်မှာတော့ ကျွန်တော်ဟာ အင်္ဂလန်အသင်း အတွက် အရာ အားလုံး ပေးဆပ် ကစားဖို့ ဒီကို ရောက်ရှိ နေပါတယ် ” လို့ ဟယ်ရီကိန်း က ပြန်လည် ဖြေကြားသွားခဲ့လိုက် ပါတယ် ။ လက်ရှိ အချိန်မှာ ဟယ်ရီကိန်း နည်းတူ ဒေါ့မွန် ကြယ်ပွင့် အားလင်း ဟားလန်း ကလည်း အသင်းပြောင်းဖို့ သတင်းကြီးနေခဲ့ ပါတယ် ။

#Sports_Myanmar