Sports

အာဂျင်တီးနားတို့ ချီလီကိုအနိုင်ရဖို့ ရုန်းကန်ရနိုင်တယ်

အာဂျင်တီးနား – ချီလီ
ဇွန် ၁၄ ည ၃:၃၀
နောက်ဆုံးတွေ့ဆုံမှု/ ၁-၁ (၂၀၂၁)

ဒီနှစ်သင်းဟာ ၇ ရက်အတွင်း နှစ်ကြိမ်မြောက် ကစားရတာပါ။ အာဂျင်တီးနားအသင်းဟာ မက်ဆီကို အမာခံထားပြီး အသင်းကို တည်ဆောက်ထားပါတယ်။ ရှေ့တန်းမှာ အင်တာတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကိုထားပြီး ကစားမှာဖြစ်သလို ကိုလံဘီယာနဲ့ပွဲမှာ မပါဝင်ခဲ့တဲ့ ဒီမာရီယာလည်း ပြန်လည်ပါဝင်လာပါလိမ့်မယ်။ ချီလီမှာတော့ ဗီဒဲလ်ပါဝင်လာဖွယ် ရှိပါတယ်။ နောက်ထပ်စောင့်ကြည့်ရမယ့် ကစားသမားကတော့ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ပဲ ဖြစ်ပါတယ်။ သရေကျသွားမယ့်ပွဲပါ။
ခန့်မှန်းရလဒ် ၁-၁

ဖြစ်နိုင်ဖွယ်လူစာရင်း
အာဂျင်တီးနား
ဂိုး – အမ်မီလီယာနိုမာတီနက်ဇ်
နောက်တန်း – မွန်တီယယ်၊ ရိုမီယို၊ အိုတာမန်ဒီ၊ အကူးညာ
အလယ်တန်း – လိုဆယ်ဆို၊ ပါရာဒက်စ်၊ ဒီပေါ
ရှေ့တန်း – မက်ဆီ၊ လော်တာရိုမာတီနက်ဇ်၊ ဒီမာရီယာ

ချီလီ
ဂိုး – ဘရာဗို
နောက်တန်း – အစ္စလာ၊ မီဒဲလ်၊ မာရီပန်၊ မီနာ
အလယ်တန်း – ပူဂါ၊ ဗီဒဲလ်၊ အာရန်ဂက်စ်၊ မန်နီးစီး
ရှေ့တန်း – ဗားဂက်စ်၊ ဆန်းချက်ဇ်

ပါရာဂွေး – ဘိုလီဗီးယား
ဇွန် ၁၅ မနက် ၆:၃၀
နောက်ဆုံးတွေ့ဆုံမှု/ ၂-၂ (၂၀၂၀)

ပါရာဂွေးအသင်းဟာ ဘိုလီးဗီးယားကို အနိုင်ရရေး ကြိုးစားသွားမှာပါ။ ပါရာဂွေးအတွက် စောင့်ကြည့်ရမယ့် ကစားသမားကတော့ ရှေ့တန်းက အယ်မေရွန်ဖြစ်ပါတယ်။ ဘိုလီးဗီးယားကတော့ နောက်ဆုံးကစားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ချီလီနဲ့ တစ်ဂိုးစီ သရေကစားထားနိုင်ပါတယ်။ ဘိုလီးဗီးယားဟာ အဝေးကွင်းဆိုရင် ရုန်းကန်ရလေ့ရှိတာကြောင့် ပါရာဂွေးဘက်က အားပေးရပါလိမ့်မယ်။ ဒီနှစ်သင်းဟာ ကိုပါအမေရိကဖလားမှာ ၁၉၉၉ နောက်ပိုင်း ပထမဦးဆုံးအကြိမ် ပြန်တွေ့တာဖြစ်ပါတယ်။
ခန့်မှန်းရလဒ် ပါရာဂွေး ၁-၀ ဘိုလီးဗီးယား

ဖြစ်နိုင်ဖွယ်လူစာရင်း
ပါရာဂွေး
ဂိုး – ဆေးဗား
နောက်တန်း – ရိုဂျာစ်၊ ဂိုမက်၊ ဘာဘူနာ၊ အလွန်ဆို၊ အာဇာမန်ဒီယာ
အလယ်တန်း – ဗီလာဆန်ဒီ၊ ဂျင်မီနက်၊ လူစီနာ
ရှေ့တန်း – ရိုမီယို၊ အယ်မီရွန်

ဘိုလီးဗီးယား
ဂိုး – လန်ပီ
နောက်တန်း – အီဘန်နက်၊ ဟာကင်၊ ဂျူစီနို၊ ဆာဂရီတို
အလယ်တန်း – အာ့စ်၊ ဂျက်စ်တီနီယန်နို၊ ဘီဂျာရာနို၊ ဆက်စ်ပီဒက်စ်၊ ရာမာလို
ရှေ့တန်း – မိုရီနို

Credit – innar journal