Celebrity Local News

စစ်ဘေးရှောင်စခန်းတွေအတွက် မြို့မလူမူ့ကူညီရေးအသင်းနဲ့ စုပေါင်းကာ စားနပ်ရိက္ခာ များ လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးချစ်ခင်မှုတွေနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခု အခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းက ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ ရရာနေရာကနေ တစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ 

အခုလို အခြေအနေတွေကြောင့် အနေအထိုင် အစားအသောက် ခက်ခဲနေကြတဲ့ ပြည်သူအချို့ကိုလည်း မိတ်ဆွေတွေနဲ့ အတူစုပေါင်းပြီး လိုအပ်တာတွေ မကြာခဏ လှူဒါန်းလေ့ရှိပါတယ်။ ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေ  သူလေးမို့ ပရိသတ်တွေက လေးစား ချစ်ခင်နေရတာပါ ။

ဒီနေ့မှာလည်း စစ်ဘေးရှောင်စခန်းတွေအတွက် မြို့မလူမူ့ကူညီရေးအသင်းနဲ့ စုပေါင်းကာ စားနပ်ရိက္ခာ များ လှူဒါန်းခဲ့ပြန်ပါတယ် ။ အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှုခဲ့ပါတယ် လက်ရှိမှာသူတိူ့အတွက် အဓိက လိုနေတာကတော့ မိုးကာအကျီတွေပါ.. ချင်းပြည်ကစစ်ဘေးရှောင် စခန်းပို့ဖို့လဲ ဆေးဝါး အစားအသောက် အနွေးထည် စောင် အားလုံးစီစဉ်ပြီး .. မိုးကာအင်္ကျီတွေပဲ လိုအပ်ပါတော့တယ်..မိုးကာအင်္ကျီတွေ လှူဒါန်းပေးဖို့ တောင်းဆိုပါရစေ.. ဆောင်းလဲ အများကြီးမလှုနိုင်တော့လို့ပါ.. အထည် ၁၀၀၀ လောက်လိုအပ်ပါမယ်..တထည်ကို ငါးထောင်လောက်ကျပါမယ်.. ၁၀၀၀ပဲဖစ်ဖစ် ၂၀၀၀ပဲဖစ်ဖစ် နိုင်သလောက်လှုဒါန်းပေးပါ..အားလုံးစုပီးရသလောက်ဝယ်ပီးလှူဒါန်းပေးပါမယ်..” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း အလှူလေးမှာ ပါဝင်နိုင်ရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Saung Yoon San