Sports

ယူနိုက်တက်ရယ့် ဘုတ်အဖွဲ့၀င် တစ်ဦးအဖြစ် မြင်တွေရတော့မယ့် ကွင်းလယ်လူ မာတာ

မနှစ်ရာသီစာချုပ်တုန်းကထက် နည်းပါးသောလစာငွေ ဖြင့် မာတာကို ယူနိုက်တက်တို့ တစ်နှစ်စာချုပ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ မာတာ၏ (2022)ခုနှစ်စာချုပ်သက်တမ်းကုန်ခဲ့လျင်တောင် သူ့ကို ယူနိုက်တက်က အသင်း၏ဘုတ်အဖွဲ့ဝင်ဖြစ် ခန့်အပ်ရန် ပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ နံပါတ်8ကို ၀တ်ဆင်ထားပြီး အိုထရတ်ဖို့ဒ်မှာ သူ့ရယ့် စွမ်းဆောင်မှုတွေနဲ့ အရေးကြီးတဲ့ ဂိုးတွေ အရေးကြီးတဲ့ ဂိုးဖန်တီးမှုတွေပြုလုပ်ပေးတဲ့ ကစားသမားကြီးတစ်ဦးပါ။

မာတာဟာ 2014ခုနှစ်မှာ နည်းပြ မောရင်ညိုက ချဲလ်ဆိီးကနေခေါ်ယူခဲ့ပါတယ်။ ခြေစွမ်းကောင်းတွေရှိနေပြီးသား ကစားသမားဖြစ်တာနဲ့ အညီ အသင်းအသားကျဖို့ သူ့အတွက်မခက်ခဲပါ့ဘူး။ သူ့ရယ့်ကစားဟန်ဟာ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ယူန်ိုက်တက်နှင့်အတူ 273ပွဲအထိ ကစားထားပြီး 51 ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု 47ကြိမ်အထိ ရှိခဲ့ပါတယ်။ ကွင်းလယ်မှာလည်း ခြေစွမ်းပြပြီး တောင်ပံတွေမှာလည်း အသက်နှင့်မလိုက် ဆော့ကစားပြနိုင်တဲ့ မာတာတစ်ယောက် ယူနိုက်တက်မှာ ဆက်လက်မြင်တွေရဖို့ ရှိနေအုံးမယ့် အပြင် ဘုတ်အဖွဲ့၀င်အဖြစ်ပါ တွေ့မြင်ရတော့မှာပါ။

TTSoe
Sports Gaber
internet Source