Sports

ချက်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ယူနိုက်တက်ကစားသမား တော်မီနေးတို့ရယ့် စကော့တလန်အသင်း

ယူနိုက်တက် ကစားသမားတော်မီနေးပါ၀င်တဲ့ စကော့တလန်အသင်းကတော့ ချက်အသင်းကို နှစ်ဂိုးသုည ဆိုတဲ့ ရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ စကော့တလန်အသင်းကတော့ ချက်၊ ခရိုအေးရှား၊ အင်္ဂလန်အသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက်ပြီး ပွဲကြပ်‌အနေအထားမှာ ရှိပါတယ်။ စကော့တလန်အသင်းကတော့ ပထမဆုံးပွဲဖြစ်တဲ့ ချက် နဲ့ ပွဲမှာရှုံးနိမ့်ရသဖြင့် ဂိုးကွာခြားချက်အရ Group Dရယ့် အဆင့်အောက်ဆုံးမှာ ရောက်ရှိခဲ့ရပါတယ်။

ချက်အသင်းအတွက် နှစ်ဂိုးလုံးကို လေဗာကူဆင် ကစားသမားဖြစ်တဲ့ ပထရစ်က သွင်းယူခဲ့ပါတယ်။ ဒုတိယဂိုး ဆိုလျှင် စကော့တလန် နောက်တန်းအမှား ကနေ ဂိုးသမားရှေ့တက်နေတာကိုအခွင့်ကောင်းယူကာ သွင်းယူခဲ့တဲ့ သူ့ရယ့်ဂိုးကတော့ ယူရို2020အတွက် အလှပဆုံးဂိုး လို့တောင် ပြောလို့ရပါတယ်။ ယူနိုက်တက် ကစားသမား တော်မီနေးကတော့ ကျောနံပါတ်လေးကို ၀တ်ဆင်ကာ ပွဲချိန်ပြည့် ကစားခဲ့ရပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source