Sports

ခါးသီးတဲ့ မြို့ခံပြိုင်ဘက်စီက ကစားသမားတစ်ဦိးကို ခေါ်ယူဖို့စိတ်၀င်စားနေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ သတင်းများအရ သူတို့ရယ့် နောက်တန်းပြသနာကို မန်စီးတီးကြယ်ပွင့် နောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့ နာသန်အခီကို ခေါ်ယူပြီး ဖြေရှင်းဖို့ လုပ်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားနဲ့ တွဲဖက်ဖို့ ကစားသမားကို ရှာဖွေဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက အခီကို နည်းပြဂွာဒီယိုလာမှ ခေါ်ယူထားတာဖြစ်ပြီး မန်စီးတီးနဲ့အတူ ဆယ်ပွဲသာ ကစားထားရပါတယ်။

အခီ ကို နည်းပြ ဂွာဒီယိုလာမှ ဘုန်းမောက်ကနေ ပေါင်သန်းလေးဆယ်နဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။ ယူနိူက်တက်အနေနဲ့ စိတ်၀င်စားရုံ အဆင့်သာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ မြို့ခံပြိုင်ဘက် မန်စီးတီးအနေနဲ့ ခေါ်ယူထားတာ မကြာသေးတဲ့အတွက် ရောင်းမယ်ကလည်း မသေချာပါဘူး။ ယူနိုက်တက်အနေနဲ့ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့ နောက်တန်းကစားသမားကို အပူတပြင်းရှာဖွေလျက်ရှိပါတယ်။ မန်စီးတီးမှာ နေရာသိပ်မရတဲ့ အခီတစ်ယောက် ယူနိုက်တက်ကို ရောက်ရှိလာမလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source