Sports

ဆွီဒင်အသင်းနဲ့အတူအကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဒ်

ယူနိုက်တက်‌နောက်တန်းကစားသမား လင်ဒီလော့ဒ်ပါ၀င်တယ့် ဆွီဒင်အသင်းကတော့ စပိန်အသင်းနဲ့ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။ စပိန်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးပေါက်ခြိမ်းခြောက်မှုကလည်း အသာ ဖြင့် ကစားခဲ့ပြီး ဆွီဒင်အသင်းရယ့် နောက်တန်းနဲ့ ဂိုးသမားတို့ရယ့် ကြိုးစား အားထုတ်မှုကြောင့် ဂိုးမပေးခဲ့ရဘဲ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ရပါတယ်။ ဆွီဒင် ဂိုးသမားကတော့ အဲဗာတန်ဂိုးသမားဖြစ်ပါတယ်။

စပိန်ရှေ့တန်းကစားသမားတွေဖြစ်တဲ့ မိုရာတာ၊ ဖာရမ် တောရက်စ်၊ အိုမိုတို့ကို ဆွီဒင်နောက်တန်းက အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ထိုအကောင်းဆုံး ထိန်းချုပ်နိုင်တဲ့ ဆွီဒင်နောက်တန်းထဲက တစ်ဦးဖြစ်တဲ့ ယူနိုက်တက်နောက်တန်းကစားသမား လင်ဒီလော့ဒ်ကတော့ ထိုပွဲအတွက် ‌အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ရေခဲလူသားလို့ လူသိများနေတဲ့ လင်ဒီလော့ဒ်တစ်ယောက် အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ ဆွီဒင်အသင်းနဲ့ ယူရို2020မှာ အောင်မြင်မှုတွေရယူနိုင်မလား စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source