Celebrity

အားလုံးဟာ တလှေတည်းစီး တခရီးတည်းသွားနေကြတာမို့ အချင်းချင်းမခွဲခြားကြဖို့ ပြောပြလာတဲ့ နေတိုး

ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ အာဏာသိမ်းလိုက်ကြောင်း စတင်ကြေညာပြီး မကြာခင်မှာပဲ ရန်ကုန်မြို့မှာ သပိတ်ကြောင်းတွေ အများအပြားထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ မတရားမှုကို တော်လှန်ဖို့အတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးကလည်း ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

နေတိုးက အနုပညာရှင်များအဖွဲ့နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ပြည်သူတွေကို အားပေးစကားပြောခဲ့တာလည်း ဖြစ်ပါတယ် ။

လက်ရှိမှာဆိုရင် Blue Mark ရထားတဲ့ နေတိုးရဲ့ Facebook Page က ပျက်သွားတာကြောင့် သူ့အနေနဲ့ Page အသစ်တစ်ခုဖွင့်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ နေတိုးက အကြံပေးစကားတစ်ချို့ကိုရေးသားပြောပြထားတာ တွေ့ရပါတယ်။

နေတိုးက “ခွဲခြားနေသမျှ ကွဲပြားနေဦးမှာပါပဲ မကွဲပြားချင်ရင် မခွဲခြားဖို့က အရေးကြီးတယ်ပေါ့ အားလုံးသွားရမယ့်လမ်း အတူတူပါပဲ NT…” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။

အခုချိန်မှာတော့ ပြည်သူတစ်ချို့က နေတိုးနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ် ။ နေတိုးကတော့ တစ်ခါတစ်ရံမှာ သူ့ရဲ့Facebook Story ကတစ်ဆင့် သူရေးသားပြောပြချင်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြလေ့ရှိတာပဲ ဖြစ်ပါတယ် ။

Crd

ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ အာဏာသိမ်းလိုက်ကြောင်း စတင်ကြေညာပြီး မကြာခင်မှာပဲ ရန်ကုန်မြို့မှာ သပိတ်ကြောင်းတွေ အများအပြားထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ မတရားမှုကို တော်လှန်ဖို့အတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးကလည်း ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

နေတိုးက အနုပညာရှင်များအဖွဲ့နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ပြည်သူတွေကို အားပေးစကားပြောခဲ့တာလည်း ဖြစ်ပါတယ် ။

လက်ရှိမှာဆိုရင် Blue Mark ရထားတဲ့ နေတိုးရဲ့ Facebook Page က ပျက်သွားတာကြောင့် သူ့အနေနဲ့ Page အသစ်တစ်ခုဖွင့်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ နေတိုးက အကြံပေးစကားတစ်ချို့ကိုရေးသားပြောပြထားတာ တွေ့ရပါတယ်။

နေတိုးက “ခွဲခြားနေသမျှ ကွဲပြားနေဦးမှာပါပဲ မကွဲပြားချင်ရင် မခွဲခြားဖို့က အရေးကြီးတယ်ပေါ့ အားလုံးသွားရမယ့်လမ်း အတူတူပါပဲ NT…” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ ပြည်သူတစ်ချို့က နေတိုးနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ် ။

နေတိုးကတော့ တစ်ခါတစ်ရံမှာ သူ့ရဲ့Facebook Story ကတစ်ဆင့် သူရေးသားပြောပြချင်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြလေ့ရှိတာပဲ ဖြစ်ပါတယ် ။

Credit