Sports

ရမ်ဆေးရယ့် ဂိုးသွင်းပြီးတိုင်းလာတဲ့ ကျိန်စာဆိုးဟာ ပရိတ်သတ်တွေအတွက် သတင်းကောင်းဖြစ်မလား

ယနေ့ အုပ်စု Aရယ့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝေးလ်အသင်း နဲ့ တူရကီ အသင်း တို့ရယ့် ပွဲစဉ်မှာ ဝေးလ်အသင်းက နှစ်ဂိုး သုည ဆိုတဲ့ ရလဒ်ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ထိုပွဲစဉ်ရယ့် သွင်းဂိုးတစ်ဂိုးကတော့ ကွင်းလယ်လူ ရမ်ဆေးက ပွဲချိန် 42မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ဝေးလ် လက်ရွေးစင် ရမ်ဆေးကတော့ အာဆင်နယ် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ ဂျူပင်တပ်စ်မှာ ကစားနေတာပါ။ ဂိုးသွင်းတာက အပြစ်မဟုတ်ပေမယ့် ရမ်ဆေးဂိုးသွင်းတာနဲ့ အဖြစ်အပျက်တစ်ခုက ရှိနေပါတယ်။ ကျိန်စာလား တိုက်ဆိုင်မှုလား စဉ်းစာစရာ ဆိုပေမယ့် ကျိန်စာဆိုးကြီးတစ်ခုလိုဘဲ ရမ်ဆေးဂိုးသွင်းပြီးတာနဲ့ နာမည်ကြီး လူတစ်ယောက် သေဆုံးနေတာဘဲဖြစ်ပါတယ်။

ရမ်းဆေးရယ့် ဖြစ်ပျက်ပုံကတော့ ဝေးလ်အသင်းနဲ့ အတူပထမဆုံးဂိုးသွင်ယူပြီး‌ နောက်ရက်မှာ ဘောလုံးပွဲတွေ ဘတ်စကတ်ဘောတွေနောက်ခံပြောတဲ့ အဒရပ် မန်းတော့ ဆိုတဲ့ လူက သေဆုံးသွားခဲ့ပါတယ်။ နာမည်ကြီး အဲလ်ပဲ(apple) ကုမ္ပဏီ တည်ထောင်သူ စတိဂျော့ ဟာ ရမ်းဆေး အာဆင်နယ်မှာ ဂိုးသွင်းပြီး သုံးရက်အတွင်းမှာ သေဆုံးခဲ့ပါတယ်။ နာမည်ကြီး မင်သားဖြစ်တဲ့ ပေါဝေါ်ကာ လည်း ရမ်ဆေးဂိုးသွင်းပြီး သေဆုံးခဲ့ရပါတယ်။

နာမည်ကြီးတွေ မင်းသား မင်းသမီးတွေ အဆိုတော်တွေ တင်မက လူဆိုးတွေ ကမ္ဘာသိ အာဏာရှင်ကြီးများလည်း ရမ်ဆေးဂိုးသွင်းပြီး သေဆုံးခဲ့ရတဲ့ အဖြစ်တွေရှိခဲ့ပါတယ်။ ပထမတစ်ယောက်က အိုစမာဘင်လာဒင် ဖြစ်ပြီး ရမ်ဆေးအနေနဲ့ ယူနိုက်တက်ကို ဂိုးသွင်းပြီး လေးရက်အကြာမှာ သေဆုံးခဲ့ရပါတယ်။ နောက်တစ်ယောက်ကတော့ အာဏာရှင်ကြီး တစ်ဦးဖြစ်တဲ့ ကာဒါဖီ ဖြစ်ပါတယ်။ ကာဒါဖီကတော့ ရမ်ဆေးရယ့် ချန်ပီရံလိဒ်မှာ သွင်းခဲ့တဲ့ သွင်းဂိုးအပြီး ဆယ်ရက်မြောက်နေ့မှာ သေဆုံးခဲ့ရပါတယ်။ ဂိုးသွင်းပြီးတိုင်း လူသေဆုံးတာ ရမ်ဆေးအတွက် မကောင်းပေမယ့် ညက ဝေးလ်အသင်းအတွက် ရမ်ဆေးရယ့် သွင်းဂိုးအပြီးမှာတော့ မြန်မာပြည်က ဘောလုံးပရိတ်သတ်တွေကတော့ တွေးစရာတစ်ခုရလာခဲ့ပါတယ်။ မြန်မာပြည်သူတွေ သေဆုံးစေချင်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးများ သေမလားဆိုပြီး အတွေးတွေ ၀င်လာခဲ့ပါပြီ။ ရမ်ဆေးရယ့် ကျိန်စာဆိုးတစ်ခုဟာ မြန်မာပြည်သူတွေရယ့် ၀မ်းသာစရာ သတင်းဖြစ်မလား လာမည့်ရက်တွေအတွင်း စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source