International News

“မြန်မာမှာ ဒီမိုကရေစီ အမြန်ဖေါ်ဆောင်ဖို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်‌ကြီး ပြောဆို”

“မြန်မာမှာ ဒီမိုကရေစီ အမြန်ဖေါ်ဆောင်ဖို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်‌ကြီး ပြောဆို”

မြန်မာနိုင်ငံမှာ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ မြန်မြန်ဆန်ဆန် ပြန်လည်ရှင်သန်ဖို့ လိုအပ်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်‌ကြီး Suh Wook က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က အွန်လိုင်းကတဆင့် ကျင်းပခဲ့တဲ့ အရှေ့‌‌ တောင်အာရှ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ဆွေး နွေးပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် အပါအဝင် ကျယ်ပြန့်တဲ့တန်ဖိုးတွေအပေါ် လေးစားလိုက်နာတဲ့နည်းနဲ့ ဖြေရှင်းဆောင်ရွက်ရမှာဖြစ် ကြောင်း၊ အရပ်ဘက်ပြည်သူတွေအပေါ် ပစ်မှတ်ထားတွေကို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ဆင်ခြေပေးလို့မရကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာကူညီရေးလုပ်ငန်း စဉ်အတွက် တောင်ကိုရီးယားက အမေရိကန်ဒေါ်လာ ၉ သိန်း ကူညီလှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာကူညီရေးဆိုင်ရာ ဘဏ္ဍာရေးဌာနက ပြောပါတယ်။ Credit