Sports

ကော့တလန်နဲ့ ယူရိုပွဲစဉ်မှာသာ နိုင်ပွဲရပ်တန့်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်း

အင်္ဂလန်လက်ရွေးစင်အသင်းဟာ ၂၀၂၁ခုနှစ်အတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ နိုင်ငံတကာပြိုင်ပွဲတွေအတွင်း ဆန်မာရီနို အယ်ဘေးနီးယား ပိုလန်အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ သြစတြီးယား ရိုမေးနီးယားအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲများနဲ့ ခရိုအေးရှားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို-၂၀၂ဝပွဲစဉ်တို့ကို ဆက်တိုက်အနိုင်ရခဲ့ပေမယ့် မနေ့ညက စကော့တလန်နဲ့ ယူရိုပွဲစဉ်မှာသာ နိုင်ပွဲရပ်တန့်ခဲ့ပြီး တိုက်စစ်ပါ ဂိုးပေါက်ပျောက်ဆုံးခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းမှာရော အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းပြလို့နေတဲ့ ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို ပရီးမီးယားလိဂ်ကလပ် စပါးအသင်းအပြင် ဥရောပထိပ်တန်း ကလပ်အသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတွေကပါ ခေါ်ယူသွားဖို့ အပြိုင်ပစ်မှတ်ထားနေကြပါတယ်။

လီဗာပူးလ်အသင်းဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ရှာကွီရီနဲ့ တိုက်စစ်မှူး အော်ရီဂီတို့ကို အသင်းကနေ ရောင်းချသွားတော့မှာဖြစ်ပြီး ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြသနေတဲ့ ဆွီဒင်တိုက်စစ်မှူးလေး အီဆက်ခ်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။

ချယ်လ်ဆီး နယူးကာဆဲလ်ယူနိုက်တက်နဲ့ အစ္စတန်ဘူလ်ဘာရှက်ဆီဟီအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အသက်(၃၆)နှစ်အရွှယ်ရှိ ဆီနီဂေါဝါရင့်တိုက်စစ်မှူးကြီး ဒမ်ဘာဘာဟာ လက်ရှိမှာ ဘောလုံးသမားဘဝကနေ အနားယူသွားခြင်းမရှိသေးတဲ့အပြင် ဆွတ်ဇာလန်ကလပ် အက်စ်စီလူဂါနိုအသင်းကိုပါ ထပ်မံပြောင်းရွှေ့သွားခဲ့တယ်လို့ သိရှိရပါတယ်။

ခရိုအေးရှားအသင်းရဲ့ ဝါရင့်တောင်ပံကစားသမားကြီး အိုင်ဗန်ပါရီဆစ်ဟာ ဆလိုဗက်ကီးယားအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပွဲစဉ်အတွင်းမှာ အဖိုးတန်ချေပဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၁၆ ယူရိုပြိုင်ပွဲ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲတို့လို အဓိကပြိုင်ပွဲကြီးတွေမှာ ခရိုအေးရှားအသင်းအတွက် ဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Credit