Sports

သရေနဲ့သာ ကျေနပ်ခဲ့ရတဲ့ အင်္ဂလန်အသင်းနဲ့ တော်မီနေးတို့ရယ့် စကော့တလန်အသင်း

ညက ယှဉ်ပြိင်သွားတဲ့ အင်္ဂလန်အသင်းနဲ့ စကော့တလန်အသင်းတို့ရယ့် ပွဲစဉ်မှာတော့ ဂိုးမရှိသရေ ဆိုတဲ့ ရလဒ်ဖြင့်သာ ပွဲပြီး‌ဆုံးခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ခရိုအေးရှားကို နိုင်ခဲ့တဲ့လူစာရင်းကနေ တစ်ယောက်သာ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် ယူနိုက်တက်ကစားသမား ဘယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ လုခ်ရှောပါ၀င်ခွင့်ရရှိခဲ့ပါတယ်။ မက်ဂွိုင်းယားကတော့ ပြန်လည်သက်သာပြီး ပါ၀င်ဖို့နာမည်ကြီးနေပေမယ့် မနေ့က ပွဲမှာ လွှဲခြော်ခဲ့ရပါတယ်။ မိနစ်70ကြော်မှာတော့ ဟယ်ရီကိန်းအစား ယူနိုက်တက်ကစားသမား ရက်ဖို့ဒ်ပါ၀င်ခွင့်ရရှိခဲ့ပါတယ်။

စကော့တလန်အသင်းအတွက် ယူနိုက်တက်ကစားသမား တော်မီနေးပါ၀င်လာခဲ့ပြီး နိုင်ငံအသင်းအတွက် သူကစားနေကျ နောက်တန်းမှာ အကောင်းဆုံး ကစားသွားခဲပါတယ်။

ပရိတ်သတ်တွေ မျှော်လင့်သလောက် ပွဲကောင်းမဟုတ်ပေမယ့် နှစ်ဖက် ကစားသမားတွေအကုန်လုံးက ကြိုးစား ကစားခဲ့ကြပါတယ်။

TTSoe
Sports Gaber
internet Source