Celebrity Local News

စစ်ပညာသင်ယူနေရင်း အမေစုရဲ့မွေးနေ့လေးမှာ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့စစ်ပညာသင်ယူနေရင်း အမေစုရဲ့မွေးနေ့လေးမှာ ပန်းလေးတွေကိုယ်စီပန်ကာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတဲ့ ဟားငါးကောင်အဖွဲ့

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ပြီး လူငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့ လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟား(၅)ကောင်ကိုသိကြမယ်ထင်ပါတယ်။

ဟား(၅)ကောင်အဖွဲ့ဟာ အမြဲလိုလိုပြောင်မြောက်ထိမိလှတဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အ၀ရရှိထားသလို ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ လူရွှင်တော်တွေလည်းဖြစ်ပြီး အခုဆိုရင်လည်း လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေပြီလည်းဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့က အနုပညာအလုပ်တွေလုပ်စဥ်တုန်းကလည်း တက်ညီလက်ညီရှိကြသလို အခုလိုအချိန်မှာလည်း ညီအစ်ကိုရင်းတွေပမာစည်းလုံးညီညွတ်နေကြတာလည်းဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့က သူတို့ရဲ့ရပ်တည်ချက်အတိုင်းရဲရဲဝံ့ဝံ့လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေဖြစ်ပြီး တောထဲမှာပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်ယူနေကြရင်း မကြာခဏဆိုသလိုလည်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ လှုပ်ရှားမှုပုံရိပ်တွေနဲ့ ထင်မြင်ချက်တွေကို ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိတဲ့သူတွေပါ။

ဒီကနေ့ ဇွန်လ (၁၉)ရက်နေ့မှာဆိုရင်လည်း ဟားငါးကောင်အဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့

တောတောင်ထဲမှာစစ်ပညာသင်ယူရင်း ပန်းလေးတွေပန်ကာ တတ်နိုင်သရွေ့ပါ၀င်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ကို ပြည်သူတစ်ရပ်လုံးက ပန်းသပိတ်အနေနဲ့သတ်မှတ်ထားကြတာဖြစ်ပြီး လူတိုင်းနီးပါးပါ၀င်ဆင်နွှဲနေကြတာကိုလည်းတွေ့ရပါတယ်။

ဒီပုံရိပ်တွေကို ဟားငါးကောင်အဖွဲ့၀င် တိုင်းကျော်က သူ့ရဲ့ Facebookစာမျက်နှာမှာ “အမေ နဲ့ အတူ…..” ဆိုပြီးရေးသားမျှဝေထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Crd