Sports

ယူနိုက်တက်အသင်းဖော်တွေ ပေးတဲ့ နာမည်ပြောင်အချို့ကို ပြောပြခဲ့တဲ့ တော်မီနေး

ယူနိူက်တက် ကစားသမားဖြစ်တဲ့ စကော့တလန်သား တော်မီနေးကတော့ သူ့ရယ့်နာမည်ပြောင်တွေကို ပြောပြခဲ့ပါတယ်။ အသင်းဖော်ဖြစ်တဲ့ လုခ်ရှောကတော့ (Gym Man)ဂျင်သမား လို့အမြဲတန်းခေါ်တယ်လို့ ပြောခဲ့ပါတယ်။

သူ့အနေနဲ့ အမြဲတမ်း ဂျင်ရုံမှာ ရှိပြီး အားကစားပြုလုပ်နေလို့ ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဂိုးသမားဟန်ဒါဆန်ကတော့ တော်မီနေးအပေါ် နာမည်ပြောင်တွေအများကြီး ပေးခဲ့တယ်လို့ သိရပါတယ်။

နည်းပြအပါအ၀င် တခြားကစားသမား အားလုံးက သူ့ကို စကော်တီလို့ဘဲ ခေါ်တယ်လို့လည်း ပြောခဲ့ပါတယ်။ အဲရစ်ဘိုင်ယီကတော့ တော်မီနေးကို မတ်တာမနေတာ(MCTerminator) လို့ ခေါ်ရတာကို ကြိုက်တယ်လို့လည်း ပြောခဲ့ပါတယ်။

တော်မီနေးကတော့ လက်ရှိအချိန်မှာ စကော့တလန်အသင်းရယ့် နောက်တန်းမှာ ခြေစွမ်းပြနေသူ တစ်ဦးဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက ယူနိုက်တက် ပရိတ်သတ်တွေကတော့ တုတ်ကြီးလို့ ခေါ်ကြတာ လူတိုင်းသိပြီး ဖြစ်မှာပါ။

TTSoe
Sports Gaber
internet Source