အွန်လိုင်းမှတဆင့် ကုသမှုခံယူနိုင်မည့် NUG၏ “တယ်လီကျန်းမာ”အစီအစဥ် ယနေ့စတင်လိုက်ပြီ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနက “တယ်လီကျန်းမာ”အစီအစဥ်ကို ယနေ့တွင်ကျရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းကြည်၏ မွေ့နေ့အဖြစ် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၈ရက်​နေ့ ညပိုင်းက သတင်းထုတ်ပြန်ချက်အရသိရသည်။

တယ်လီကျန်းမာ အစီအစဥ်ကို ခေတ်မီတယ်လီနည်းပညာများ (Telehealth: Telemedicine, Teleconsultation) အသုံးပြု၍ ပြည်တွင်း၊ ပြည်ပမှ ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးများက အကြံဉာဏ်ပေး၊ကုသပေးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် Onlineမှသာ ပြသမှုခံယူရမည်ဖြစ်၍ အင်တာနက်​ရရှိရန်လိုအပ်ကြောင်း သိရသည်။

https://doxy.me/telehealthmm ဝက်ဘ်ဆိုက်ဒ်မှတဆင့် တိုကင်ရယူကာ.မနက် ၈နာရီမှ ညနေ ၄နာရီအထိ ပိတ်ရက်မရှိ အခမဲ့ ကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း NUG၏ ကျန်းမာရေးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“တယ်လီကျန်းမာ”အစီအစဥ်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မြန်မာနိုင်ငံပြည်သူလူထု၏ ကျန်းမာရေးအတွက် ကူညီထောက်ပံ့မှုပေးနိုင်မှုပေးနိုင်မည့် ဝန်ဆောင်မှုတစ်ခုလည်းဖြစ်သည်။

Credit