Sports

ယူနိုက်တက်ကို ပြောင်းရွေ့တာဟာ ပေါ့ဘာရှိနေလို့ဖြစ်တယ်ဆိုတဲ့ ယူနိုက်တက်ကြယ်ပွင့်

ယူနိုက်တက်ရယ့် လူငယ်တောင်ပံကစားသမား တစ်ဦးဖြစ်တဲ့ အာမတ် ဒီယာလိုကတော့ သူ့ရယ့် စံပြကစားသမားဟာ ပေါ့ဘာဖြစ်တယ်လို့ပြောခဲ့ပြီး ယူနိုက်တက်ကို အတ္တလန်တာအသင်းကနေ ရောက်ရှိလာရတာလည်း ပြင်သစ်သား ပေါ့ဘာကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အိုင်ဗရီကိုစ် လက်ရွေးစင်ကစားသမားလေး ဒီယာလိုကတော့ ပြီးခဲ့‌တဲ့ အပြောင်းအရွေ့ နွေရာသီမှာ ယူနိုက်တက်နည်းပြဆိုးရှားလ်က ခေါ်ယူခဲ့ပြီး ဇန်နဝါရီလမှာ အပြီးသတ် ရောက်ရှိလာခဲ့ပါတယ်။ ယူနိုက်တက်နှင့်အတူ ရှစ်ပွဲထိ ပါ၀င်ခွင့်ရထားပြီး ယူရိုပါလိဒ်မှာ အေစီမီလန်အသင်းနဲ့ ပွဲစဉ်မှာ တစ်ဂိုးသွင်းယူပြထားသူပါ။ အိုင်ဗရီကိုစ်အသင်းမှာလည်း ခြေစွမ်း‌ပြနေတဲ့ လူငယ်ကစားသမားကောင်းလေးဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာ အာမက် ဒီယာလိုက “ကျနော်ငယ်ငယ်‌တုံးက ဂျူဗင်တပ်စ်ကို စစ်ဆေးခံဖို့ သွားတုံးက သူ့(ပေါ့ဘာ)ကို တွေ့ခဲ့ပါတယ်။ အဲ့ဒါ‌ပြီးတော့ ဘယ်သူနဲ့ ဓာတ်ပုံ ရိုက်မလဲမေးခဲ့တယ်။ ပြီးတော့ ကျနော်က ပေါ့ဘာနဲ့ ရိုက်ချင်တယ်ဖြေခဲ့တယ်။ သူက ကျွန်တော်ရယ့် စံပြ ကစားသမား‌တစ်ယောက်လေ”

“ပြီးတော့ ကျနော်ကို ယူနိုက်တက်ကနေ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တုံးက ပေါ့ဘာဟာ ယူနိုက်တက်မှာ ရှိနေခဲ့တယ်။ ကျနော် နှစ်ခါ စဉ်းစားနေစရာမလိုဘူး။ ချက်ချင်း လက်ခံခဲ့တယ်” ဆိုပြီး ပြောခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source