Sports

ဂိုးသမားနှစ်ယောက်အကြား နံပါတ်တစ်နေရာ ဘယ်သူ့ကို နည်းပြဆိုးရှားလ်က ပေးမလဲ

ယူနိုက်တက်အသင်းဟာ လာမည့်ရာသီမှာတော့ နည်းပြဆိုးရှားလ်တစ်ယောက်တော့ ဂိုးသမားတွေအကြား ဗျာများရအုံမှာ ဖြစ်ပါတယ်။ စပိန်သား ဂိုးသမား ဒီဂီယာကတော့ သူ့ရယ့် လက်စွမ်းတွေမှာ ဝေဖန်မှုတွေခံရပေမယ့် ယူနိုက်တက်ကို အကောင်းဆုံးလက်စွမ်းတွေနဲ့ ပြန်လာမယ်လို့ ကြွေးကြော်ထားပါတယ်။ ဒါပေမယ့် သူ့အတွက် နံပါတ် တစ်နေရာ ဂိုးသမားမပေးနိုင်ပါက အသင်းကထွက်မယ်လို့ လည်း သတင်းတွေထွက်လာပါတယ်။

ထို့အပြင် ဂိုးသမား ဟန်ဒါဆန်ကလည်း သူ့အနေနဲ့ နောက်ရာသီမှာ ယူနိုက်တက် ရယ့် နံပါတ် တစ် ဂိုးသမား ဖြစ်ချင်ကြောင်း ပြောခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဟန်ဒါဆန်ဟာ ဒဏ်ရာ ပြသနာကြောင့် အင်္ဂလန်အသင်းကနေ နှုတ်ထွက်ပြီး နှစ်ပတ်လောက် အနားယူမယ်လို့ သိရပါတယ်။

နည်းပြဆိုးရှားလ်ကတော့ ဂိုးသမားဟန်ဒါဆန်ကို နံပါတ် တစ် နေရာကို ပေးကာ ပွဲထွက်ခိုင်းမယ်လို့ သတင်းအချို့မှာ တွေ့ရလို့ သိရပါတယ်။ ဒီဂီယာကလည်း နံပါတ် တစ်ဂိုးသမား နေရာ မရလျှင် ယူနိုက်တက်ကနေ ထွက်ခွာမယ်လို့သိရပါတယ်။ နည်းပြဆိုးရှားလ်တစ်ယောက် ဘယ်သူ့ကို ပွဲထုတ်ပြီး နံပါတ်တစ် ဂိုးသမားနေရာ ပေးမလဲ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source