Sports

ဂရေ့ဇ်မန်းရယ့် သွင်းဂိုးကြောင့်သာ သရေရရှိခဲ့တဲ့ ပေါ့ဘာတို့ရယ့် ပြင်သစ်အသင်း

ယူနိုက်တက်ကစားသမား ပေါ့ဘာ ပါ၀င်တဲ့ပြင်သစ်အသင်းကတော့ ဟန်ဂေရီအသင်းကို တစ်ဂိုး တစ်ဂိုးဆိုတဲ့ သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ ပြင်သစ်အသင်းဟာ ယူနိုက်တက်ကစားသမား ပေါ့ဘာအပြင် ဘန်ဇီမာ၊ ဂရေဇ်မန်း၊ မက်ပီတို့ ရှေ့တန်းမှာရှိပြီး ကန်တီတို့လည်းပါ၀င်ပါတယ်။

အစပိုင်းမှာ ပြင်သစ်တို့ ဖိကစားခဲ့ပြီး ဘန်ဇီမာရယ့် ဂိုးဖြုန်းတီးမှုတွေက နှမျောဖို့ကောင်းလှပါတယ်။ ပထမပိုင်းပြီးလို့ နာကျင်အချိန်ပိုမှာ တန်ပြန်တိုက်စစ်ကနေ ဟန်ဂေရီတို့ သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။

ပြင်သစ်ရယ့် ခြေပဂိုးကိုတော့ လောရစ်ရယ့် ကန်တင်မှုကနေ နောက်ခံလူတွေအမှားအယွင်းကနေ ဂရေဇ်မန်းက အသုံးချ သွင်းယူခဲ့ပါတယ်။ ပေါ့ဘာကတော့ 76မိနစ်အထိသာ ကစားခဲ့ရပါတယ်။

ပြင်သစ်အသင်းကို တောင့်ခံပြီး သရေကစားနိုင်ခဲ့တဲ့ ဟန်ဂေရီအသင်းကို တော့ ချီးကျူးရမှာဘဲဖြစ်ပါတယ်။ Group Fရယ့် နောက်ပွဲစဉ်ကတော့ ဘူရူနိုတို့ရယ့် ပေါ်တူဂီနဲ့ ဂျာမနီတို့ဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode





TTSoe
Sports Gaber
internet Source