Sports

ယူရိုမှာ ဒုတိယအပြေးအမြန်ဆုံးဖြစ်ခဲ့တဲ့ ဝေးလ်ကစားသမား ဒန်နီရယ်ဂျိန်း

ယနေ့ည ၁၁နာရီခွဲမှာတော့ ဝေးလ် အသင်းဟာ အီတလီအသင်နဲ့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး Group Aရယ့် အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့တောင် ပြောလို့ရပါတယ်။ ဝေးလ်အသင်းကတော့ ပထမဆုံးပွဲမှာ ဆွစ်ဇလန်အသင်းကို သရေကျခဲ့ပြီး တူရကီအသင်းကို နှစ်ဂိုး သုည ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ထိုပွဲစဉ်နှစ်ပွဲလုံးမှာတော့ ဝေးလ်အသင်းအတွက် ဒန်နီရယ်ဂျိန်းဟာ ဘယ်တောင်ပံမှာ ခြေစွမ်းပြခဲ့တာကို ယူနိုက်တက်ပရိတ်သတ်တွေလည်း သိကြမှာပါ။ တူရကီအသင်း နဲ့ ပွဲစဉ်မှာကတော့ ယူနိုက်တက်ကစားသမား ဂျိန်းတစ်ယောက်က ဝေးအသင်းအတွက် 33.5km/hအထိ ပြေးလွှားနိုင်ခဲ့ပါတယ်။

ထို့ကြောင့် ဂျိန်းတစ်ယောက်ဟာ ယူရိုပြိုင်ပွဲရယ့် ဒုတိယအပြေးအမြန်ဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။ ပထမအပြေး အမြန်ဆုံးကတော့ အီတလီခံစစ်ကစားသမား စပင်နာဇိုလာ ဖြစ်ပြီး အပြေးနှုန်းကတော့ 33.8km/hဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source