ကျုံးနံဘေးတွင် ဆန္ဒထုတ်ဖော်သူ လူငယ်၂ဦး ဖမ်းဆီးရမိသည်ဟူသောကိစ္စမှာ စစ်ကောင်စီတပ်၏ လုပ်ကြံဇာတ်လမ်းထွင်မှုသာဖြစ်

မန္တလေး၊ ဇွန် ၁၉
News Ambassador

ယနေ့ ဇွန်လ ၁၉ရက်နေ့ နေ့လည် ၃နာရီခန့်က စစ်ကောင်စီတပ်များ အုံလိုက်ကျင်းလိုက်ရှိရာ နန်းတွင်းကျုံးနံဘေးတွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်အပြီးတွင်လူငယ်၂ဦးဖမ်းဆီးခံလိုက်ရသည်ဟု ဓာတ်ပုံများပျံ့နှံ့ခဲ့သည်။

သို့သော် ယင်း ဖမ်းမိသည်ဟူသော ပုံထဲမှ လူငယ် ၂ ဦးမှာ ဆန္ဒထုတ်ဖော်သူများမဟုတ်ဘဲ စစ်ကောင်စီတပ်၏ လိမ်လည်လုပ်ကြံဇာတ်လမ်းထွင်မှုသာဖြစ်ကြောင်း မြို့နယ်အခြေစိုက် သပြေညိုသတင်းလွှာစာမျက်နှာက ဖော်ပြထားသည်။

” ဖမ်းခံရတယ်ဆိုတာ လုပ်ကြံဖန်တီးထားသော ဓာတ်ပုံအတုသာ ဖြစ်ကြောင်း ရှင်းပြလိုပါတယ်။ စစ်ကောင်စီတပ်များသည် ၎င်းတို့၏ ဖန်တရာထေနေသော ဆိုင်ကယ်ဦးထုပ်အစုတ်နှင့် အနီရောင် maskတပ်ကာ GZ ယောင်ဆောင်၍ ဖမ်းခံရသည့်ပုံအတု ရိုက်ထားခြင်းသာ ဖြစ်ပါတယ်။ ပေးပို့သူက အစကတည်းက ပထမပုံပါ ပေးပို့ထားတာပါ။သတင်းမှားထွက်နေလို့သာ ပြန်တင်ရခြင်း ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

ပုံစာ (၁) အမှန်တကယ် ဆန္ဒထုတ်ဖော်မှုပြုလုပ်နေသော လူငယ်များ
ပုံစာ (၂) စစ်ကောင်စီတပ်က လိမ်လည်ထုတ်ပြန်သော ပုံ

Credit