Sports

ဘရူနိုရယ့် အပြုအမူတွေဟာ လုံး၀လက်ခံနိုင်စရာမရှိဘူးဆိုပြီး ဝေဖန်ခဲ့တဲ့ ဆောနက်စ်

ပရိတ်သတ်တွေရယ့် အချစ်တော် ကွင်းလယ်သမား ဘရူနိုဖာနန်ဒက်စ် ဟာ ယူနိုက်တက်မှာ ချီးကျူးခံရပေမယ့် ညက ပေါ်တူဂီနဲ့ ဂျာမနီတို့ ပွဲစဉ်မှာ သူ့ရဲ့ အပြုအမူတွေကို ဝေဖန်ခံခဲ့ရပါတယ်။ ဖာနန်ဒက်စ်ရဲ့ ပေါ်တူဂီက ဂျာမနီကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ထိုပွဲမှာ အသင်းဖော်တွေဆီကနေ ဘောလုံးမရရင် ဖာနန်ဒက်စ်ရဲ့ တုန့်ပြန်တဲ့ အပြုအမူတွေကို sky sportက ဂရမိမီ ဆောနက်စ်က ဝေဖန် ပြောဆိုသွားခဲ့တာပါ။

” သူက လုံးဝကို ထူးချွန်တဲ့ တော်တဲ့ ကစားသမားပါ။ သူ့ အစွမ်းနဲ့ ပတ်သတ်ပြီး သဘောကျစရာတွေ အများကြီးပါပဲ။ ဒါပေမယ့် ကျနော့်အသင်းမှာ ဆိုရင်တော့ အဝတ်လဲခန်းမှာမှာ သူ ၅ မိနစ်ထက် ပို ခံမှာ မဟုတ်ဘူး။ သူက ကစားသမားကောင်းပါ။

ဒါပေမယ့် ကစားသမား တစ်ယောက်က ကိုယ့်ကိုယ်ကို ဘယ်လို ထင်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဖြန့်ကြည့်ရင် ကိစ္စတွေ အများကြီး ပါတယ်။ ကျနော်တို့က အသင်း တစ်သင်း အနေနဲ့ ကစားတယ်၊ နိုင်ရင်လည်း အတူ၊ ရှုံးရင်လည်း အတူ ဖြစ်ရမှာ။ တခါတလေ ဘောလုံးပေးပို့တာ ညံ့ရင် ညံ့ကြမယ်၊ တစ်ပွဲလုံးစာ မမြင်တတ်တာ ရှိရင် ရှိမယ်။

ဒါပေမယ့် ဒီလိုတွေ ဖြစ်ရင်တောင် ခေါင်းတစ်ရမ်းရမ်း၊ လက်တစ်ကာကာနဲ့ ကိုယ့်အသင်းဖော်တွေကို ဆက်ဆံလို့ မရပါဘူး။ ဒါက ကျနော့် အတွက်တော့ လုံး၀ နိုး လို့ ငြင်းဆန်တဲ့ ကိစ္စပါ။ ” ဆိုပြီး ပြောခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source