Local News

ဖမ်းဆီးခံထားရတဲ့ လောကီဗေဒင်နိမိတ်ဖတ်ပညာရှင် လင်းညို့တာရာရဲ့ ဟောကိန်းတွေထဲက ထပ်ပြီးဖြစ်လာခဲ့တဲ့ ထိတ်လန့်ဖွယ်အချက်တစ်ချက်

အာဏာသိမ်းပြီးသိပ်မကြာခင် ဖေဖော်ဝါရီ (၂၄) ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတဲ့ လောကီဗေဒင်နိမိတ်ဖတ် ပညာရှင် လင်းညို့တာရာဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်နေ့မှာ လာမယ့် (၂၀၂၁) တစ်နှစ်လုံးစာ အတွက်ဟောကိန်းတစ်ခုထုတ်ခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်းလိုလို ဟောကိန်းတွေထုတ်ခဲ့ပြီး ဒီဟောကိန်းတွေ ဟာလည်း မှန်ခဲ့တာများပါတယ်။ ဒီနှစ်အတွက် ဟောကိန်းဟာလည်း တိုက်ဆိုက်ခဲ့တဲ့အချက်တွေလည်း ရှိခဲ့ပါတယ်။

ဟောချက် (၁၇) ချက် ထဲမှာ နံပါတ် (၈) အချက်ဖြစ်တဲ့ ” နာမည်ကြီး တန်ခိုးကြီး ဘုရားတစ်ဆူပြိုလဲခြင်း (သို့) ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ်ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။ ” ဆိုတဲ့ ဟောထားချက်ဟာ မှန်ကန်သွားခဲ့တာပါ။

မနေ့က ဇွန်လ (၁၉) ရက်နေ့ညပိုင်းမှာ ရွှေတိဂုံဘုရားတောင်ဖက်မုခ်တံတိုင်းပြိုကျပျက်ဆီး ခဲ့ပါတယ်။

အာဏာသိမ်းမှုစတင်ဖြစ်ကတည်းက ပြည်သူတွေအန္တရာယ်ကာကွယ်စေနိုင်ဖို့ ယတြာတွေပေးခဲ့ပြီး ပြည်သူတွေဟာလည်း ယုံယုံကြည်ကြည်နဲ့ လိုက်လုပ်ခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိမှာတော့ အင်းစိန်အကျဉ်းထောင်မှာ အမှုရင်ဆိုင်နေခဲ့ရပါတယ်။

ကျန်းမာရေးမကောင်းသူ ဖြစ်တာကြောင့် စတင်ဖမ်းဆီးခံရစဉ်က လင်းညို့ရဲ့တပည့်တွေနဲ့ သူငယ်ချင်းတွေဟာ စိတ်ပူနေကြပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေခဲ့ပါပြီ။

ဟောကိန်း (၁၇) ချက်ဟာ တစ်ခုပြီးတစ်ခုမှန်ကန်လာခဲ့ပြီး ကျန်သေးတဲ့အချက်တွေလည်း ဘယ်တော့ဖြစ်လာမလဲဆိုတာကို ယုံကြည်သူတွေက ရင်တမမနဲ့စောင့်မျှော်နေခဲ့ပါတယ်။

ဒီလို အရည်အချင်းရှိတဲ့ လောကီပညာရှင်တွေဖမ်းဆီးထိန်းသိမ်းခံထားရတာ တကယ်ကိုစိတ်မကောင်းစရာပါ။ အမြန်ဆုံးလွတ်မြောက်ဖို့ကိုလည်း အားလုံးကဝိုင်းဝန်းဆုတောင်းပေးနေခဲ့ပါတယ်။ ဟောချက်တွေထဲက ကောင်းမွန်တဲ့အရာတွေ အမြန်ဆုံးဖြစ်လာပါစေလို့လည်း ဆုတောင်းပါတယ်။

ប្រភព៖ Hein Min Aung’s FB Acc