Local News

ပြည်သူတွေ အားရှိစေတဲ့စကားကို ပြောကြားလိုက်တဲ့ ဒေါက်တာတေဇာဆန်း

ဒီပွဲဟာ ကျနော်တို့ ပြည်သူတွေ မုချ နိုင်မယ့်ပွဲပါ။

တစ်ခုပါပဲ၊ ကျနော်တို့အနေနဲ့ အောင်ပွဲအတွက် ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရပါလိမ့်မယ်။ အားထုတ်ရပါလိမ့်မယ်။ ပေးဆပ်ရပါလိမ့်မယ်။ ဘာမှ မလုပ်ဘဲ ဘာမှ မရနိုင်ပါ။ လွတ်မြောက်မှုဆိုတာ အလကား မရနိုင်။

ဒီပေးဆပ်မှု၊ တော်လှန်မှုသည် ကျနော်တို့ တစ်ဦးချင်း တစ်ကိုယ်ရေတကာယ အကျိုးစီးပွားဆိုတာထက်၊ ကျနော်တို့ မျိုးဆက်အတွက်ဆိုတာထက် နောက်လာမယ့် မျိုးဆက်သစ်တွေအတွက်၊ တိုင်းပြည်နဲ့ လူထုတစ်ရပ်လုံးရဲ့ လွတ်မြောက်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို တော်လှန်ရတဲ့ မျိုးဆက်အနေနဲ့ ကျနော်တို့မျိုးဆက်က နောက်ဆုံးပဲ ဖြစ်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ ချထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ဖြတ်သန်းခဲ့တဲ့ အချိန်ကာလ (၅) လအတွင်း ကျနော်တို့ ရပ်တည်ခဲ့တဲ့ သံမဏိစိတ်ဓာတ်၊ တော်လှန်စိတ်ဓာတ်၊ ရဲရဲတောက်စိတ်ဓာတ်နဲ့ပဲ ကျနော်တို့ ဆက်လက်ချီတက်ကြရပါလိမ့်မယ်။

ဒီအချိန်မှာ ကျနော်တို့ ဘုံရန်သူကက်အာဏာသိမ်း စစ်အုပ်စုပဲ။ဒီအချိန်မှာ ကျနော်တို့ ဘုံပန်းတိုင်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပဲ။အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံး ညီညွတ်ကြလော့