ယူနိုက်တက်အနေနဲ့ ရာမိုစ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့တဲ့ သရဲနီတပ်သားဟောင်း ဆာဟာ

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဆာဟာကတော့ သူ့အသင်းဟောင်း ယူနိုက်တက်အနေနဲ့ ရီးရဲကနေ ထွက်ခွာသွားတဲ့ နောက်ခံလူ ရာမို့စ်ကို ခေါ်ယူသင့်ကြောင်း အကြံပေးပြောဆိုခဲ့ပါတယ်။ ရာမို့စ်ဟာ ချဲလ်ဆီးက သီယာဂိုဆေးလ်ဗားထက် ယူနိုက်တက်ကို အကျိုးသက်ရောက်မှု ပိုမိုပေးနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

နောက်ခံလူ ရာမို့စ်ဟာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်နေဆဲပါ။ ယူနိုက်တက်အနေနဲ့ အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်နိုင်တဲ့အကြောင်း တိုက်တွန်းခဲ့ပါတယ်။ ရာမိုစ်ကို အခုခေါ်ယူမယ်ဆိုရင် အလွတ်ပြောင်းရွေ့ကြေးနဲ့ ရမှာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ ဆိုးရှားလ်အနေနဲ့တော့ ဗာရိန်းကို အထူးစိတ်၀င်စားတဲ့ အနေအထားမှာ ရှိပြီး ‌ဗာရိန်းရယ့် အေ့ဂျင့်တွေနဲ့ ဒီအပတ်ထဲ တွေ့ဖို့ရှိတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

ရီးရဲလ်အသင်းကနေ ရာမို့စ်ကတော့ ထွက်သွားပြီဖြစ်ပေမယ့် ယူနိုက်တက် ခေါ်ယူမယ့် သတင်းဟာ ကောလဟာလမျှသာဖြစ်ပြီး ယူနိုက်တက် အမှန်တဂယ် စိတ်၀င်စားတာ ပြင်သစ်သား ဗာရိန်းဘဲဖြစ်တယ်လို့လည်း သိရပါတယ်။

TTSoe
Sports Gaber
internet Source