Sports

တော်မီနေးကို ယူနိုက်တက်အနေနဲ့ နောက်တန်းပြောင်းသုံးသင့်တယ်လို့ အကြံပေးခဲ့တဲ့ ပရိတ်သတ်များ

ပြီးခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ စကော့တလန်အသင်းတို့ရယ့် ပွဲစဉ်မှာတော့ ဂိုးမရှိသရေ ဆိုတဲ့ ရလဒ်ဖြင့်သာ ပွဲပြီး‌ဆုံးခဲ့ပါတယ်။ စကော့တလန်အသင်းအတွက် ယူနိုက်တက်ကစားသမား တော်မီနေးပါ၀င်လာခဲ့ပြီး နိုင်ငံအသင်းအတွက် သူကစားနေကျ နောက်တန်းမှာ ကစားသွားပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အင်္ဂလန်ရှေ့တန်းကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ ဖိုဒန်၊ စတာလင်း စတဲ့ ကစားသမားတွေ တော်မီနေးတို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ ယခုအချိန်မှာ နောက်တန်းကစား အပူတပြင်းရှာဖွေနေပြီး ထိုနေရာကို တော်မီနေးကို ပေးသင့်တယ်လို့တောင် ပရိတ်သတ်တွေက ပြောလာကြပါတယ်။ တော်မီနေးဟာ ယူနိုက်တက်မှာဆို ကွင်းလယ်မှာ ကစားနေပြီး စကော့တလန်အသင်းအတွက် ဗဟိုနောက်တန်းကစားသမားပါ။ ထို့ကြောင့် နည်းပြဆိုးရှားလ်တစ်ယောက် မက်ဂွိုင်းယားအတွက် တွဲဖက်ပေးမယ့် နောက်တန်းကစားသမားကို တော်မီနေးနဲ့ ပြည့်စုံတယ်လို့ ပရိတ်သ‌တ်တွေက အကြံပေးခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source