Sports

ဂျေလိဒ်မှာ ပထမဆုံးကစားခွင့်ရတဲ့ မြန်မာလူမျိုးအဖြစ် မှတ်တမ်းတင်တော့မယ့် ပြည့်လျှံအောင်

ဂျပန်နိုင်ငံမှာ ကျန်ရှိနေခဲ့တဲ့ မြန်မာဂိုးသမား ပြည့်လျှံအောင်ဟာ ယိုကိုဟားမားအခြေစိုက် လိဂ်-၃ ကလပ်တစ်ခုနဲ့ပြောပြီးဆိုပြီသွားပြီ စာချုပ်ချုပ်ဖို့ပဲကျန်ပါတော့တယ်။

မြန်မာပြည်က release letterရသည်ဖြစ်စေ မရသည်ဖြစ်စေ ဂျပန်နိုင်ငံသား ဖြစ်ခွင့်ရတာနဲ့ အဆင်ပြေသွားပြီလို့ ဂိုးသမားပြည့်လျှံအောင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပြခဲ့ပါတယ်။

ဂျပန်နိုင်ငံသားဖြစ်တာနဲ့ ဂျေလိဒ် မှာ ကစားခွင့်ရမှာပါ။ နိုင်ငံရယ့်အခြေအနေကို နားလည်ပေးပြီး မိတ်ဆွေကောင်း ပီသတဲ့ ဂျပန်နိုင်ငံက ကလပ်တွေကလည်း ပြည့်လျှံအောင်ကို အပြိုင်အဆိုင် ကမ်းလှမ်းလာခဲ့ပါတယ်။ ပြည့်လျှံအောင် အတွက် အဆင်ပြေဖို့ မြန်မာပြည်သူတစ်ရပ်လုံးက ဆုတောင်းပေးနေပြီး ဂျပန်နိုင်ငံကလည်း ကူညီဖို့ အသင့်အနေအထားမှာလို့ယူဆရပါတယ်။

ဂိုးသမား ပြည့်လျှံအောင်အနေနဲ့တော့ ဂျေလိဒ် မှာ ကစားခွင့်သာ ရခဲ့ရင် သမိုင်းတစ်လျှောက် ဂျေလိဒ်မှာ ပထမဆုံး ကစားခွင့်ရတဲ့ မြန်မာလူမျိုးတစ်ယောက်အဖြစ် မှတ်တမ်း၀င်တော့မှာဘဲဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode





TTSoe
Sports Gaber
internet Source