Sports

ပေါ်တူဂီအတွက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်‌တဲ့ ရော်နယ်ဒို ရယ့် မှတ်တမ်းဆိုး

ယူနိုက်တက် ပရိတ်သတ်တွေရယ့် တစ်ချိန်က အချစ်တော်ကြီး ရော်နယ်ဒိုဟာ လက်ရှိကစားနေတဲ့ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအတွက် ၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီးနောက် နိုင်ငံတကာသွင်းဂိုး ၁၀၇ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ယူရိုပြိင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံးအဖြစ် ၁၂ဂိုးနဲ့ရပ်တည် နေပါတယ်။ နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် သွင်းဂိုးတွေအများကြီးရရှိပေမယ့် အလွတ်တည်ကန်ဘောကနေ ဂိုးရရှိမှုမှတ်တမ်းကတော့ တော်တော်လေးဆိုးဝါးနေပါတယ်။ ဂျာမနီကို ၄-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက တစ်ဂိုးသွင်းကာ တစ်ကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား နဲ့ ယူရိုပြိုင်ပွဲတွေမှာ အလွတ်တည်ကန်ဘောစုစုပေါင်း ၅၀ ကြိမ်အထိ ကန်သွင်းယူခဲ့ရာမှာ တစ်ကြိမ်တည်းသာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဂျူဗင်တပ်စ်အတွက်လည်း စုစုပေါင်း ၇၂ ကြိမ်အထိ ကန်သွင်းယူခဲ့ရာမှာ တစ်ဂိုးသာရရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရှိရပါတယ်။

TTSoe
Sports Gaber
internet Source