Local News

လက်နက်ကိုင်တပ်ဖွဲ့တွေတင်းကြပ်နေတဲ့ကြားကနေ မြို့လယ်မီးပွိုင့်မှာခပ်ကြမ်းကြမ်းဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မုံရွာပြည်သူတွေရဲ့ဗီဒီယိုဖိုင်

ေဖေဖာ္ဝါရီလအစပိုင္းတည္းကတိုင္ အေရးေတာ္ပုံႀကီးေအာင္ျမင္ေရးအတြက္ ၿမိဳ႕လုံးကြၽတ္နီးပါးတက္ႂကြခဲ့ၾကတဲ့ၿမိဳ႕ေတြထဲမွာဆိုရင္ မုံ႐ြာၿမိဳ႕ကလည္းခ်န္ထားလို႔မရတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ ဖမ္းဆီးခံရမႈေတြ၊ ၿဖိဳခြင္းခံရမႈေတြေၾကာင့္ ဆႏၵျပပြဲေတြအရွိန္အဟုန္ေလ်ာ့နည္းသြားေပမယ့္လည္း ျပည္သူေတြကေတာ့ ရရာနည္းလမ္းနဲ႔ ဆန္႔က်င္ဆႏၵျပေနၾကဆဲျဖစ္ၿပီး ေျပာက္က်ားသပိတ္ေတြျပဳလုပ္ကာ စစ္အာဏာရွင္ကိုဆန႔္က်င္ေတာ္လွန္ေနၾကတာျဖစ္ပါတယ္…..။

မုံ႐ြာေဒသအတြင္းမွာ အာဏာရွင္စနစ္‌ကိုေတာ္လွန္ရင္း အသက္ဆုံးရႈံးသြားရတဲ့သူရဲေကာင္းေတြလည္းရွိသလို မုံ႐ြာလူထုေခါင္းေဆာင္ ကိုေဝမိုးႏိုင္အပါအ၀င္ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့သူေတြလည္းမ်ားစြာရွိေနတာပါ။ အခုလိုမုံ႐ြာၿမိဳ႕ကိုစစ္‌ေကာင္စီတပ္ေတြက ဖိႏွိပ္ထားတဲ့ၾကားကေန မုံ႐ြာျပည္သူလူထုကေတာ့ ရရာနည္းလမ္းနဲ႔ေနပူမေရွာင္ မိုး႐ြာမေရွာင္ ယေန႔ထက္ထိဆႏၵထုတ္ေဖာ္ေနၾကဆဲျဖစ္ပါတယ္…..။

ဒီကေန႔ ဇြန္လ၂၁ရက္ေန႔မွာဆိုရင္လည္း မုံ႐ြာျပည္သူလူထုက ၿမိဳ႕လယ္မီးပြိဳင့္မွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။ အခ်ိန္တိုေလးအတြင္းမွာ ဆိုင္ကယ္ေတြကိုယ္စီနဲ႔ ခ်က္ခ်င္းစု႐ုံးေရာက္ရွိလာၾကၿပီး ဟြန္းေတြတီးကာ ၾကက္သီးထဖြယ္ေကာင္းေအာင္ကို အာဏာရွင္စနစ္ကိုအလိုမရွိေၾကာင္းျပသခဲ့ၾကတာျဖစ္ပါတယ္။ ဒီျမင္ကြင္းဗီဒီယိုဖိုင္ေလးဟာ လူမႈကြန္ယက္စာမ်က္ႏွာမွာ ခ်က္ခ်င္းပ်ံ႕ႏွံ႔လာတာျဖစ္ၿပီး ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

[Unicode]

ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် မြို့လုံးကျွတ်နီးပါးတက်ကြွခဲ့ကြတဲ့မြို့တွေထဲမှာဆိုရင် မုံရွာမြို့ကလည်းချန်ထားလို့မရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဖမ်းဆီးခံရမှုတွေ၊ ဖြိုခွင်းခံရမှုတွေကြောင့် ဆန္ဒပြပွဲတွေအရှိန်အဟုန်လျော့နည်းသွားပေမယ့်လည်း ပြည်သူတွေကတော့ ရရာနည်းလမ်းနဲ့ ဆန့်ကျင်ဆန္ဒပြနေကြဆဲဖြစ်ပြီး ပြောက်ကျားသပိတ်တွေပြုလုပ်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေကြတာဖြစ်ပါတယ်…..။

မုံရွာဒေသအတွင်းမှာ အာဏာရှင်စနစ်‌ကိုတော်လှန်ရင်း အသက်ဆုံးရှုံးသွားရတဲ့သူရဲကောင်းတွေလည်းရှိသလို မုံရွာလူထုခေါင်းဆောင် ကိုဝေမိုးနိုင်အပါအ၀င်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေလည်းများစွာရှိနေတာပါ။ အခုလိုမုံရွာမြို့ကိုစစ်‌ကောင်စီတပ်တွေက ဖိနှိပ်ထားတဲ့ကြားကနေ မုံရွာပြည်သူလူထုကတော့ ရရာနည်းလမ်းနဲ့နေပူမရှောင် မိုးရွာမရှောင် ယနေ့ထက်ထိဆန္ဒထုတ်ဖော်နေကြဆဲဖြစ်ပါတယ်…..။

ဒီကနေ့ ဇွန်လ၂၁ရက်နေ့မှာဆိုရင်လည်း မုံရွာပြည်သူလူထုက မြို့လယ်မီးပွိုင့်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ အချိန်တိုလေးအတွင်းမှာ ဆိုင်ကယ်တွေကိုယ်စီနဲ့ ချက်ချင်းစုရုံးရောက်ရှိလာကြပြီး ဟွန်းတွေတီးကာ ကြက်သီးထဖွယ်ကောင်းအောင်ကို အာဏာရှင်စနစ်ကိုအလိုမရှိကြောင်းပြသခဲ့ကြတာဖြစ်ပါတယ်။ ဒီမြင်ကွင်းဗီဒီယိုဖိုင်လေးဟာ လူမှုကွန်ယက်စာမျက်နှာမှာ ချက်ချင်းပျံ့နှံ့လာတာဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။