Local News

မြို့ပြစစ်ပွဲ‌တွေအတွက် ပြင်ဆင်ထားဖို့ ပန်ဆယ်လို သတိပေးပြီ

စစ်တပ်မှာ ဗျူဟာတစ်ခုရှိတယ်။ ဇကောလောက်မှ ဇောက်မနက်တဲ့ ကျက်သတုံးဗျူဟာပေါ့။ စိတ်ကိုတိုက်တဲ့ ဗျူဟာကို ကြိုသိထားရင် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်လို့ ရနိုင်အောင်ပါ။

ဖေဖော်ဝါရီအကုန် မတ်လောက်မှာ Gen Z တွေ Defense Line ကနေ ခုခံကြတာ မှတ်မိကြဦးမှာပါ။ သဲအိတ်တွေကာ၊ မျက်ရည်ယိုဗုံးတွေ ငြှိမ်း၊ မီးရှူးနဲ့ အချို့ပြန်ပစ်တာမျိုးပေါ့။ အဲ့ဒီ့အချိန်မှာ Defense Line လုပ်ပြီး ဆန္ဒပြကြတဲ့ နေရာတွေက ရပ်ကွက်တွေကိုပါ စကစက ရန်ပြုတယ်။ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေကို မြေကော်ကားတွေနဲ့ ထိုးပစ်တယ်။ အိမ်တွေကို ပြသနာရှာတယ်။ ဖိနှိပ်တယ်။

အဲ့တော့ ဘာဖြစ်လာလဲဆိုတော့ ရပ်ကွက်ထဲက လူတွေက Defense Line က လူငယ်တွေကို မကြည်ဖြူကြတော့ဘူး။ သေနတ်နဲ့ပစ်နေတဲ့ စစ်ကောင်စီကိုကျ မဝေဖန်ရဲတဲ့အခါ မနိုင်နိုင်ရာ Gen Z တွေကို ပြောဆိုနှင်ထုတ် အပြစ်တင်တာမျိုးတွေ လုပ်လာတယ်။ ရပ်ကွက်က မကြည်ဖြူတဲ့အခါ အသက်နဲ့ရင်းလုပ်နေကြတဲ့ Gen Z တွေ စိတ်ပျက်လက်ပျက် ရပ်ပစ်လိုက်ရတော့တယ်။ ဒါဟာ ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ စကစရဲ့ စိတ်ဓါတ်ဗျူဟာပဲ။

အခု ဘာလို့ ဒါကို ပြန်ရေးပြနေတာလဲဆိုတော့ စိတ်ဓါတ်တွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်လို့ပဲ။ စစ်က လာမှာပဲ။ လာကိုလာမှာ။ ရှောင်လွှဲလို့မရဘူး။ ကျားမြှီးဆွဲထားတဲ့ စစ်တပ်နဲ့ ကျားနာခဲခဲမယ့်ပြည်သူ။ စစ်ဟာ ဘယ်အချိန်လို့ အတပ်ပြောလို့မရသေးပေမယ့် လာကိုလာမှာ။

စစ်ဆိုတာ အပြန်အလှန်ပစ်ခတ်ကြမှာ။ နေအိမ်ထဲ ကျည်ဝင်လာတာမျိုး၊ ဖျက်ဆီးခံရတာမျိုး၊ လက်နက်ကြီးထိတာမျိုး စသဖြင့်။ လူသားဒိုင်းအနေနဲ့ အသုံးချခံရတာမျိုး အသက်၊ အိုးအိမ်၊ စည်းစိမ်တွေအတွက် အာမခံချက်မရှိတော့တဲ့ အခြေအနေမျိုးတွေလည်း မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။

အပေါ်မှာ ပြောခဲ့တဲ့ဖြစ်ရပ်လိုပဲ၊ စစ်ကောင်စီရဲ့ ယုတ်မာပက်စက်မှုကို စစ်ကောင်စီရဲ့ ယုတ်မာပက်စက်မှုလို့ပဲ တည့်တည့်ရှုမြင်နိုင်မှ ဖြစ်မယ်။ တော်လှန်ရေးသမားတွေကြောင့်လို့ အပြစ်တင်ငြိုငြင်မယ်ဆိုရင်၊ သွေးကွဲကြမယ်ဆိုရင် တော်လှန်ရေးဟာ ပိုရှည်မယ်။ ပိုကြာမယ်။ ပိုကြာရင် ပိုပြီးအထိနာကြမှာကလည်း ပြည်သူပဲ။

Crisis ကြီးတစ်ခုမှာ ငါကတော့ ရှင်ကျန်သူ၊ Survivor ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အတ္တကြီးမှုမျိုးတွေကို ကြိုတင်ပယ်သတ်ထားနိုင်ဖို့ စိတ်ဓါတ်တွေကို ကြိုတင်ပြင်ဆင်ကြရမယ်။ အချင်းချင်း ဖေးမကြမယ်။ အချင်းချင်း ကူကယ်ကြမယ်။

KIA နဲ့ တိုက်ပွဲဖြစ်တယ်။ ကချင်ရွာတွေကို မီးရှို့တယ်။ KNU နဲ့ တိုက်ပွဲဖြစ်တယ်။ ကရင်ရွာတွေကို မီးရှို့တယ်။ AAနဲ့ တိုက်ပွဲဖြစ်တယ်။ ရခိုင်ရွာတွေကို မီးရှို့တယ်။ KIAကြောင့်၊ KNU ကြောင့်၊ AA ကြောင့် မင်းတို့ရွာတွေ မီးရှို့ခံရတာ။ မင်းတို့ KIA ကို မုန်းကြ၊ မင်းတို့ KNU ကို မုန်းကြ၊ မင်းတို့ AA ကို မုန်းကြဆိုတဲ့ တိုင်းရင်းသားတပ်နဲ့ တိုင်းရင်းသားတွေကို သွေးခွဲတဲ့အကွက်ကို တောက်လျှောက် သုံးခဲ့တယ်။

နှစ်ပေါင်းဆယ်ချီ ပြည်တွင်းစစ်ကြားက တိုင်းရင်းသားတွေဟာ စစ်ကို ရင့်ကျက်လာကြတယ်။ ဘုံရန်သူကို ကောင်းကောင်းမြင်တယ်။ စစ်တပ်ရဲ့ သွေးထိုးမှုကို နားမယောင်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်မှာ တိုင်းရင်းသားအင်အား အပြည့်ရှိလို့ EAOsတွေဟာ ဆယ်စုနှစ်များစွာ တော်လှန်နိုင်ခဲ့တာ။

စစ်နဲ့ မထိတွေ့ဖူးသေးတဲ့ ပြည်မသားတွေအနေနဲ့ စစ်အတွက် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖို့ အရင်ဆုံးအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါပြီ။

မအိမ်လုံးတွေရဲ့ ဗျူဟာမှန်သမျှ စိတ်ပိုင်းဆိုင်ရာ ဖီဆန်ကြမယ်။ ပြည်သူချင်း၊ တော်လှန်သူချင်း အပြစ်တင်ချင်လာပြီဆိုရင် စကစရဲ့ အကွက်ကြီး ဖျင်ထဲ နှစ်ပေါင်းခြောက်ဆယ် အနည်းလေးဝင်မယ့်အရေး ကြိုတွေးထားကြရမယ်။

ငါတို့မှာ ငါတို့ပဲ ရှိတယ်။
ငါတို့ စည်းလုံးကြမယ်။
အရေးတော်ပုံ အောင်ကို အောင်အောင်တိုက်မယ်။Crd

Crd