Sports

အသင်းခေါင်းဆောင်နေရာရယ့် အထိုက်တန်ဆုံး လူတစ်ယောက်ကိုပြောပြခဲ့တဲ့ ရွန်းနီ

အစဉ်အလာကြီးမားတဲ့ ယူနိုက်တက်အသင်းဟာ ကျောနံပါတ်ရယ် အသင်းခေါင်းဆောင်နေရာရယ် အဖက်ဖက်က အရေးကြီးလှပါတယ်။ ယူနိုက်တက်ရယ့် အသင်းခေါင်းဆောင်တိုင်းရယ့် တာ၀န်ဟာ ကြီးလေးပြီး အရေးကြီးတဲ့ နေရာတစ်ခုပါ။ အသင်းခေါင်းဆောင်တိုင်းကို ပရိတ်သတ်တွေက တန်ဖိုးထားပါတယ်။ အသင်းခေါင်းဆောင်ထဲက ရွန်းနီဆိုရင် သူအသင်းခေါင်းဆောင်ဖြစ်ကတည်းက အသင်းအတွက် ပေး‌ဆပ်ပြီး ဩဇာကြီးမားခဲ့ပါတယ်။

ရွန်းနီက လက်ရှ်ိ ယူနိုက်တက်ရယ့် အသင်းခေါင်းဆောင် မက်ဂွိုင်းယားအနေနဲ့ တာ၀န်မကျေပွန်မှုတွေကြောင့် နည်းပြဆိုးရှားလ်ကို အသင်းခေါင်းဆောင် နောက်တစ်ယောက်ကို အကြံပေးခဲ့ပါတယ်။

ရွန်းနီက “မက်ဂွိုင်းယား က ယူနိက်တက်မှာ တာဝန်မဲ့ဆုံးလူသားပါ။ သူ့ထက် ပိုထိုက်တန်တဲ့လူက ဘရူနိုပါ။ ဒါပေမဲ့ သူက အာရုံတွေထွေပြားလွယ်တယ်။ အဲ့ဒီတော့ အေးဆေးတည်ငြိမ်ပြီး ညွှန်ကြားနိုင်စွမ်း ထိမ်းကျောင်းနိုင်စွမ်းကောင်းတွေရှိတဲ့ လုရှောကို ပေးသင့်တယ်လို့မြင်ပါတယ်။ ကျနော့်ပရိတ်သတ်တွေလည်း လုခ်ရှောကို အသင်းခေါင်းဆောင်ခန့်မယ်ဆို နှစ်သက်ကြလိမ့်မယ် ” ဟု ပြောသွားခဲ့ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode




TTSoe
Sports Gaber
internet Source