Local News

သမီးလေးအတွက် ငါတို့အတွက် တရားမျှတမှုဆိုတာ ဘယ်မှာလဲ

ကျိုင်းတုံ ၌ည (၉ )နာရီ တွင် (၁)နှစ်ကျော် သမီးလေး နေမကောင်းသဖြင့် ဖခင်ဖြစ်သူက ၎င်း၏ကလေးကို တဖက်တွင်ပွေ့ချီပြီး ဆိုင်ကယ်မောင်းကာ ဆေခန်းပြခဲ့သည်။ နေအိမ်အပြန်လမ်းတွင် စကစ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကား၊ စစ်ကား ၊ ရဲကား တို့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရာ လမ်းရှောင်မောင်းခဲ့သော်လည်း ထွေအုပ်ကားက လိုက်လံတိုက်ခဲ့သည်။

ထိုကားတိုက်မှုကြောင့် လက်တွင် ပွေ့ချီထားသည့် (၁)နှစ်ကျော်သမီးလေး လွင့်ထွက်သွားပြီး၊ ခေါင်းကို အုတ်နှင့် စောင့်မိကာ ဒဏ်ရာပြင်းထန်းမှုကြောင့် (၁၀)မိနစ်အကြာတွင် ကလေးသေဆုံးခဲ့သည်။

Unicode

