Local News

Covid 19 ကူးစက်ခံရပြီး ကူညီမယ့်သူမရှိတာကြောင့် လိုအပ်တာတွေကိုယ်တိုင်ပြင်ဆင်ကာ Q ဝင်နေကြရှာတဲ့ ညီအစ်ကိုနှစ်ယောက်

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်တွင်းရေးတွေ မငြိမ်သက်သေးတဲ့အပြင် Covid 19 ကူးစက်ခံရမှုတွေကလည်း တစ်စတစ်စ မြင့်တက်လာပြီ ဖြစ်ပါတယ်..။



ဖြစ်ပွားကူးစက်မှု မြန်ဆန်လွန်းတဲ့ ဗီဇပြောင်းကိုဗစ်ရောဂါဟာ ပြည်ပနိုင်ငံတွေမှာ ဆိုးရွားနေသလို လတ်တလောမှာ မြန်မာနိုင်ငံအတွင်းရောက်ရှိကာ သေဆုံးလူနာတွေလည်း များပြားလာနေတာ တွေ့ရပါတယ်..။



ဗီဇပြောင်း Covid 19 ဟာ ကလေးမြို့အပြင် အခြားမြို့နယ်တွေအသီးသီးမှာလည်း ပြန့်ပွားနေသလို မိသားစုတွေတော်တော်များများ ဒုက္ခအခက်အခဲတွေဖြစ်နေကြရပြီး အခုတစ်ခါမှာလည်း ရောဂါကူးစက်ခံရတဲ့ ကလေးငယ်ညီအစ်ကိုနှစ်ယောက်ကလည်း Q ဝင်ဖို့အတွက် ကိုယ်ထူကိုယ်ထပြင်ဆင်ခဲ့ကြရပါတယ်..။



Covid 19 ကူးစက်ခံရတဲ့ တိုင်းရင်းသား ကလေးငယ် ညီအစ်ကိုနှစ်ယောက်ရဲ့ မိဘနှစ်ပါးစလုံးလည်း ကူးစက်ခံထားရတာမို့ အနားမှာ ရှိမနေနိုင်သလို ကူညီမယ့်သူလည်း မရှိတာကြောင့် ညီအစ်ကိုနှစ်ယောက် လိုအပ်တာတွေကိုယ်တိုင်ပြင်ဆင်ကာ Q ဝင်နေကြရှာတာ ဖြစ်ပါတယ်..။



အသက်ငယ်ရွယ်လွန်းပေမယ့် ကိုယ်တိုင်ပြင်ဆင်ပြီး အထုတ်ဆွဲကာ Q ဝင်ရင်း ညီငယ်လေးကို ဂရုတစိုက်စောင့်ရှောက်နေတဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ကရုဏသက်စရာကောင်းလွန်းပါတယ်..။

ရောဂါရဲ့ ထိုးနှက်မှုတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီး အမြန်ဆုံးပျောက်ကင်းသက်သာကာ မိသားစုတွေကျန်းကျန်းမာမာနဲ့ ပြန်လည်ဆုံဆည်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော် ကလေးရေ..။