Elevenမီဒီယာ ကPatek Philippe နာရီဝတ်ဆင်သည့်ကိစ္စဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို စွပ်စွဲခဲ့ပြီး ယင်းနာရီ အမှန်တကယ် ဝတ်ဆင်သူမှာ မင်းအောင်လှိုင်ဖြစ်နေ

Elevenမီဒီယာ ကPatek Philippe နာရီဝတ်ဆင်သည့်ကိစ္စဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို စွပ်စွဲခဲ့ပြီး ယင်းနာရီ အမှန်တကယ် ဝတ်ဆင်သူမှာ မင်းအောင်လှိုင်ဖြစ်နေ

By Burmese Press

Eleven Media Group က Patek Philippe နာရီဝတ်ဆင်တဲ့ ကိစ္စပတ်သက်ပြီး သတင်းဆောင်းပါးတစ်ပုဒ်ရေးသားကာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို လာဘ်စားမှုယောင်ယောင် စွပ်စွဲရေးသားခဲ့ပြီး ဒီနေ့မှာတော့ အဲဒီနာရီဝတ်ဆင်ထားသူကစ်ကောင်စီရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ဖြစ်နေပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကို ဆောက်လုပ်ရေးလုပ်ငန်းရှင် မောင်ဝိတ် (လက်ရှိ စစ်ကောင်စီလက်ထဲမှာအဖမ်းခံထားရသူ) က လက်ဆောင်ပေးခဲ့တယ်လို့Eleven Media Group ကစွပ်စွဲခဲ့ပြီး ဝန်ကြီးချုပ်အနေနဲ့သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ရှင်းလင်းခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီနာရီကို ပြောင်ပြောင်တင်းတင်း ဝတ်ဆင်ပြလိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်ကိုတော့ Eleven Media Group က ဝေဖန်ဆောင်းပါးရေးသားမှုမရှိသေးပါဘူး။

မင်းအောင်လှိုင်ဟာ ရုရှားမှာ ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေး ညီလာခံမှာ အဲဒီနာရီကို ဝတ်ဆင်ကာ တက်ရောက်ခဲ့ပါတယ်။ နာရီရဲ့တန်ကြေးက အမေရိကန်ဒေါ်လာ ၄၀,၀၀၀ တန်ကြေး ( မြန်မာငွေ သိန်း ၆၀၀) ရှိပြီးစစ်တပ်အတွင်း စစ်သားတွေရဲ့လုပ်ခလစာရဲ့ဆယ်စုနှစ်များစွာနှင့်ညီမျှပါတယ်။

Credit – Myanmar Celebrity Tv Club