Sports

ဒေါ့မွန်လိုချင်တဲ့ ဈေးကို ယူနိုက်တက်က မပေးသ၍ ဝေးနေအုံးမည့် ဆန်ချိုအပြောင်းအရွေ့

ဆန်ချိုဘက် ကတော့ အပြောင်းအရွေ့ထက် ယူရိုပြိုင်ပွဲကိုသာ အလေးထားမည်ဖြစ်ကြောင်း တရား၀င်ပြောဆိုထားပါတယ်။ သတင်းများအရတော့ ယူနိုက်တက်နှင့် ဆန်ချို ဟာ လခ တွေအထိ ပုဂ္ဂိုလ်ရေး သဘောတူညီမှုများရရှိထားတယ် လို့ သိရပါတယ်။ နောက်ပြီးတော့ ဆန်ချိုက ယင်း၏ကိုယ်စားလှယ်ဖြစ်သူ Emeka Obasi ကို ယူနိုက်တက်နှင့်အပြောင်းအရွှေ့ဖြစ်အောင်လုပ်သွားဖို့ပြောဆိုထားကြောင်းသိရပါတယ်။

ယူနိုက်တက်ရယ့် ဈေးဆစ်တာကတော့ ထုံးစံဆိုတာ သိတဲ့အတိုင်း ဆန်ချိုအတွက်ယူရို(85)သန်းဖြင့်တရား ဝင်ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပါတယ်။ ထိုကမ်းလှမ်းမှုအပေါ် ဒေါ့မွန်ဘက်မှ ငြင်းပယ်လိုက်တယ်လို့ လည်း ထပ်မံသိရပါတယ်။ ဒေါ့မွန်က သူတို့လိုလားသည့် ယူရို (95)သန်းမရမချင်း သဘောတူညီမှုပေးမယ့်ပုံ မပေါ်တဲ့အတွက် ယူနိုက်တက်တို့ အထာကိုင်နေလျှင် ဆန်ချိုနဲ့ ဝေးရအုံးမှာဘဲ ဖြစ်ပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source