Sports

ဥရုဂွေးအတွက် သွင်းဂိုးတစ်ဂိုးရယူပေးခဲ့တဲ့ သရဲနီတိုက်စစ်မှူးကြီး ကာဗာနီ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲရယ့် အုပ်စု A က ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘိုလီဗီယာ အသင်းနှင့် ဥရုဂွေးအသင်းတို့ရယ့် ပွဲစဉ်မှာ ဥရုဂွေးအသင်းက ဘိုလီဗီယာ အသင်းကို နှစ်ဂိုး သုည ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက် ကစားသမား ကာဗာနီကတော့ ဥရုဂွေးအသင်းအတွက် အနိုင်သွင်းဂိုးကို 79မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဥရုဂွေးအသင်း‌ကတော့ အုပ်စုAမှာ တစ်ပွဲနိုင် တစ်ပွဲရှုံး တစ်ပွဲသရေဖြင့် အဆင့် 4 မှာ ရပ်တည်နေပါတယ်။

အသက်34နှစ်ရှ်ိပြီဖြစ်တဲ့ သရဲနီတပ်သား ကာဗာနီကတော့ ပွဲချိန်ပြည့်ကစားခဲ့ပြီး ခြေစွမ်းကောင်းတွေပြသကာ သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့ပါတယ်။
အသက်အရွယ်အရ ဥရုဂွေးလက်ရွေးစင်အသင်းနဲ့ ကိုပါအမေရိက ပြိုင်ပွဲဟာ နောက်ဆုံးဖြစ်နိုင်တဲ့အတွက် ကာဗာနီတစ်ယောက် အောင်မြင်မှုတွေ ရယူလာဖို့ ပရိတ်သ‌တ်တွေ မျှော်လင့်နေကြပါတယ်။

TTSoe
Sports Gaber
internet Source

Unicode



TTSoe
Sports Gaber
internet Source