“ကျန်းမာရေး မကောင်းလို့ ရေမွန်ရဲ့ဈာပနကို ချစ်သူမိန်းခလေး က မပို့ဆောင်နိုင်ခဲ့တာဖြစ်ကြောင်း သူမ၏မိခင်ပြော”

ရေမွန်ဟာ ဇွန် ၂၃ ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်ရေမွန်ရဲ့နောက်ဆုံးခရီးလေးကိုတောင်လိုက်မပို့ပေးနိုင်တဲ့ ရေမွန်ရဲ့ချစ်သူကောင်မလေးဟာဆိုရင် ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်နော်..

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ချစ်သူကောင်မလေးရဲ့မိခင်က အခုလိုပဲပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်နော်။

“ကျမ သမီးလေးကို အပြစ်ပြောနေသူများရှင်..သမီးကို ကျမက မလွှတ်တာပါသူအရမ်းသွားချင်ခဲ့ပါတယ်သူအခု အရမ်းပင်ပန်းပြီး ဖျားနေပါတယ်အဖျား ၁၀၂ F က ကျလိုက် တက်လိုက်နဲ့အရမ်းလဲ အားနည်းနေပါတယ်အချိန်တိုင်းလည်း ငိုနေရလို့ ပင်ပန်းလှပါပြီ

ကျမက သူ့ကို memory ကောင်းကောင်းလေးနဲ့ပဲရှိနေစေချင်တာလည်း ပါပါတယ်..ဟိုကိုလိုက်သွားဖို့ရာ လမ်းခရီး နေရာတို့ကိုလည်း ကျမ စိတ်မချတာပါကျမလည်း လိုက်မပို့နိုင်.. သူ့ကိုလည်း လွှတ်လိုက်ရမှာ စိတ်မချနဲ့မို့ကျမလဲ တော်တော်လေး စိတ်ပင်ပန်းရပါတယ်

ပြောချင်တာလေးကလေ..ဆုံးဖြတ်ချက်တိုင်းက နှလုံးသားနဲ့ ဆုံးဖြတ်ရတာ ရှိသလိုဦးနှောက်နဲ့ ဆုံးဖြတ်ရတာလဲ ရှိပါတယ်..

အရမ်းလဲ နာကျင်ရပါတယ်နောက်တစ်ခုကသမီးလေး တခါတလေ ပိုစ့်တွေ တင်ခဲ့ရင်လည်း နားလည်ပေးကြပါနော်

အပြစ်ပြောနေကြသူများကလည်း သားတို့ သမီးတို့ကို ချစ်လို့ ပြောကြတာပဲလို့ကျမ မှတ်ယူနားလည်ပေးပါတယ်သားတို့ သမီးတို့ကို ချစ်ပေးကြလို့ မေတ္တာ စေတနာထားပေးကြလို့လည်းကျေးဇူးအထူးတင်ပါတယ်

နားလည် ခွင့်လွှတ်ပေးကြပါရှင်ကျမ သမီးလေး အမေပါ …” ဆိုပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီးကလည်း ရေမွန်ရဲ့ချစ်သူကောင်မလေးအပေါ်နားလည်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဖတ်ရှုပေးတဲ့ NewsfeedMyanmar ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source – Samm Mya Aye FaceBook Acc









Source – Samm Mya Aye FaceBook Acc