Celebrity

မေမေစန္ဒီမြင့်လွင်သာမက ပရိသတ်တွေပါ အချစ်ပိုနေရတဲ့ ထရက်ရှာလေးရဲ့ ဗီဒီယိုလေး

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်ရဲ့ သမီးလေး ခင်လင်းထင် (ထရက်ရှာ)လေးကတော့ မွေးစကတည်းက ချစ်မွှေးပါတယ်လို့ ဆိုရလောက်အောင် ပရိသတ်တွေရဲ့ ခစ်ခင်မှုကို ရရှိထားတဲ့ ကလေးလေးပါ။အရွယ်နဲ့မလိုက်အောင် ချစ်စရာကောင်းလွန်းလှတာကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေကြရပါသေးတယ်။

မေမေစန္ဒီမြင့်လွင်ကလည်း လူမှုကွန်ရက်စာမျက်နှာကနေ သမီးလေးကို ချစ်တဲ့ ပရိသတ်တွေအတွက် ထရက်ရှာလေးရဲ့ ချစ်စဖွယ်အပြုမှုလေးတွေ ပြုလုပ်တဲ့အခါ ဗီဒီယိုရိုက်ပြီး အမြဲလိုလို မျှဝေလေ့ရှိပါတယ်။ လတ်တလောမှာလည်း မေမေစန္ဒီမြင့်လွင် ချစ်စရာကောင်းလှတဲ့ ထရက်ရှာလေးရဲ့ ဗီဒီယိုလေးတစ်ခုကိုမျှဝေဖော်ပြလာခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာတော့ ထရက်ရှာလေးက တံမြက်စည်းတွေလှည်းပေးပြီး အိမ်အလုပ်တွေကူလုပ်ပေးနေတာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ထရက်ရှာလေးရဲ့ အရွယ်နဲ့မလိုက်အောင် သိတတ်လိမ္မာပြီး အိမ်အလုပ်တွေကူညီတဲ့ ဗီဒီယိုလေးကို ကြည့်ကာ လိမ္မာကြောင်းချီးကျူးနေခဲ့တဲ့အပြင် အချစ်ပိုနေခဲ့ကြပါသေးတယ်။CeleZone ပရိသတ်ကြီးရေ ထရက်ရှာလေးရဲ့ ပရိသတ်တွေအချစ်ပိုနေရတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Khin Lin Htin – Treasure