ပြည်သူများ ကိုဗစ်ရောဂါကို အထူးဂရုစိုက်ရန် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပါး

လတ်တလောမှာ ဖြစ်ပွားမှုနှုန်းများလာတဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ တစ်နိုင်ငံလုံးရဲ့ အခြေအနေတွေကို ဒီကနေ့ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံက ရှေ့နေတွေနဲ့ သီးသန့်တွေဆုံချိန်မှာ မေးမြန်းခဲ့ပြီး အခုလို ပြောကြားခဲ့တာလို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

“ကိုဗစ်နဲ့ပတ်သက်ပြီး အကုန်လုံးကို ဂရုတစိုက်နေကြဖို့လည်း အဲဒါကိုမှာပါတယ်။ ပြည်သူတွေအတွက်ကိုလေ။ သူ တအားစိတ်ပူနေပါတယ် ကိုဗစ်နဲ့ပတ်သက်ပြီး။ တနိုင်ငံလုံးအတိုင်းအတာမှာ ကိုဗစ်ဘယ်လိုဖြစ်နေပြီဆိုတဲ့ အနေအထားရယ်၊ ဒီနေပြည်တော်ရဲ့ ကိုဗစ်အခြေအနေကိုလည်း သိချင်လို့ မေးတာရှိပါတယ်။ ခါတိုင်းသူပြောသလို mask တပ်ပါ၊ လက်ဆေးပါဆိုတဲ့ အတိုင်းအတာတွေကတော့ ပြောပါတယ်။ အကုန်လုံးကိုပြောပါတယ်။ ကျမတို့ ရှေ့နေတွေကိုလည်း အရမ်းဂရုစိုက်ကြဖို့ပေါ့နော်။ အခုကာလမှာ ပိုပြီးတော့ ဂရုစိုက်ကြဖို့ ပြောပါ တယ်” လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီနေ့ ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ပတ်သက်တဲ့အမှု ၄ မှု၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ အမှုတစ်ခုတို့ကို စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Credit