သပိတ်မှာပါ၀င်ရင်း ဖမ်းဆီးခံထားရတာနှစ်ပတ်ကျော်ကြာနေပြီဖြစ်တဲ့ မိုးကုတ်မြို့က ၄နှစ်ကျော်သမီးငယ်လေး

နွေဦးတော်လှန်ရေးမှာဆိုရင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း သေဆုံးနေရတာဖြစ်ပြီး အခုချိန်ထိသေဆုံးသူဦးရေ အယောက် (၈၀၀)ကျော်ရှိနေပြီဖြစ်ပါတယ်။ဒါ့အပြင် တချို့ပြည်သူတွေခမျာ လူမသိသူမသိဘဲအသက်ပေးလိုက်ရတာတွေလည်းရှိပါတယ်။

ပြည်သူလူထုကတော့ အခုလိုမျိုး အနစ်နာခံပြီး ကြိုးစားပေးနေကြတဲ့သူရဲကောင်းတစ်ယောက်ချင်းစီတိုင်းကို ရင်ထဲကနေ လေးစားကြပြီး လိုအပ်သမျှအကူအညီတွေပေးနေတာဖြစ်ပါတယ်။

ဒီအရေးတော်ပုံမှာတော့ တချို့ကလေးငယ်လေးတွေကလည်း နိုင်ရာဝန်ကိုမျှထမ်းပြီး တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။မိုးကုတ်မြို့က ကိုစိုးဌေးရဲ့ သမီးငယ်လေးဆိုရင် နွေဦးတော်လှန်ရေး အစကတည်းက ပါဝင်ခဲ့တာဖြစ်ပါတယ်။

ကလေးလေးရဲ့ ဖခင်ကလည်း မိုးကုတ်မြို့ရဲ့ သပိတ်ခေါင်းဆောင်ဖြစ်ပြီးပြည်သူတွေနဲ့အတူ ဒီမိုကရေစီရရှိဖို့အတွက် ကြိုးစားခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုစိုးဌေးရဲ့ သမီးလေးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတာ နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်လို့ ပြည်သူတွေလည်း ကလေးအတွက် စိတ်ပူနေရတာဖြစ်ပါတယ်။ဒီနေ့ (၂၈.၆.၂၀၂၁) ရက်ကတော့ ကလေးလေးရဲ့ (၅) နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ကိုစိုးဌေးကတော့ သမီးငယ်လေးရဲ့ မွေးနေ့ပွဲကို မကျင်းပပေးနိုင်ပေမယ့် မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။

သမီးငယ်လေးကတော့ အရွယ်နဲ့မလိုက်အောင် အရမ်းသတ္တိရှိခဲ့တာဖြစ်ပါတယ်။သမီးလေးရဲ့ (၅)နှစ်ပြည့်မွေးနေ့ကစပြီးအကောင်းဆုံးတွေပဲရပါစေလို့ မွေးနေ့ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder