Covid Third Wave ကို ပေါ့သေးသေးမထင်ဘဲ ဂရုစိုက်ကြဖို့ သတိပေးလာတဲ့ စိုပြေမြင့်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော စိုပြေမြင့်ကတော့ ဒီနေ့မှာ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ လတ်တလော ကူးစက်မှုမြင့်မားနေတဲ့Covid Third Wave နဲ့ပတ်သက်လို့ ဂရုစိုက်ကြဖို့ သတိပေးလာခဲ့ပါတယ်။ စိုပြေမြင့်ရဲ့ မိဘတွေကတော့ Covid ကူးစက်ခံခဲ့ရပြီး မိဘတွေကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေကို လည်း အခုလိုပဲမျှဝေလာခဲ့ပါသေးတယ်။

“အားလုံးပဲ COVID Third Wave ကို ပေါ့သေးသေးမထင်ပါနဲ့ အမေကတော့ ပျောက်သွားလို့ ဆေးရုံက ဆင်း၍ မိမိနေအိမ်မှာ Q ဝင်ပြီးနေနေပါပြီ အဖေကတော့ ခုထိအောက်စီဂျင်ပုံမှန်ဖြစ်နေပေမဲ့ တစ်ချက်တစ်ချက် အမောဖောက်ပြီး စိုးရိမ်ရသေးတာမလို့ ဆေးရုံမှာဘဲ အကိုကြီးနဲ့အတူ နေရပါသေးတယ်။ခုလိုအချိန်မျိုးမျာ မိမိကအစ မကာကွယ်ရင် အသက်အန္တရာယ်လည်းစိုးရိမ်ရသလို့ ပိုက်ဆံထုတ်ဖို့ အခက်အခဲဖြစ်တဲ့အတွက် ငွေးကြေးကုန်ကျပိုများပါတယ်ဗျ။

ကျွန်တော်ပြောပြတာကလည်း အားလုံးမဖြစ်မနေအလုပ်လုပ်ရရင်လည်း Mask တွေတပ် လက်တွေကိုပုံမှန်ဆေးပြီး Vitamin C တို့ကိုပုံမှန်သောက် ကြဖို့ စေတနာနဲ့နှိုးဆော်ပေးတာပါနော် အားလုံးဘေးကင်းကြပါစေ။ကိုယ့်မိသားစုဖြစ်နေတဲ့အတွက် Sharing လုပ်ပေးရုံသက်သက်သာဖြစ်သည်”ဆိုပြီး ကြိုတင်ကာကွယ်လုပ်ဆောင်သင့်တာတွေကိုပါ မျှဝေထားပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ။

Source – So Pyay Myint